The Ghost Killer FHD

The Ghost Killer

Action FHD 2026-08-04 5.7 85 Min

ကိုလိုနီခေတ် လူမိုက်တွေကရဲတွေကို ချုပ်ကိုင်ထားတဲ့ခေတ်ပျက်ကြီးထဲမှာ လောင်ဝူဟာ ဆေးဆိုင်လေးတစ်ဆိုင်မှာ နှစ်ပေါင်းများစွာအလုပ်လုပ်ရင်း ဘဝကိုသာမန်ပဲဖြတ်သန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ သူဂရုစိုက်တဲ့မိန်းကလေးတစ်ယောက်ကို အာဏာရှိဂိုဏ်းစတားတွေက ဖမ်းခေါ်သွားပြီး ဖျက်ဆီးပစ်လိုက်တဲ့အခါ ကိုယ့်ရဲ့လုံခြုံရေးကိုတောင်ဂရုမစိုက်နိုင်ပဲလောင်ဝူဟာ အန္တရာယ်ကြားကိုတိုးဝင်သွားပါတယ်။ လောင်ဝူက သူ့ခြေရာလက်ရာတွေကို ဖျောက်ခဲ့ပေမယ့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့အကူအညီနဲ့ ဒါဟာ အတိတ်ကနာမည်ကျော်လူသတ်သမား 'တစ္ဆေ' ရဲ့လုပ်ရပ်ပဲဆိုပြီး အာဏာပိုင်တွေက သံသယဝင်သွားပါတယ်။ လောင်ဝူဟာ ဒီမြို့လေးကနေ မိန်းကလေးကိုကယ်ထုတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့အဆုံးမှာတော့ သူ့ရဲ့'တစ္ဆေ' ဆိုတဲ့လူသတ်သမားဘဝကို ဖုံးကွယ်မနေတော့ပဲ ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လောင်ဝူရဲ့အတိတ်ကမြန်ဆန်ပြီး ရက်စက်ပြတ်သားတဲ့ တိုက်ခိုက်ပုံတွေက အရင်အတိုင်းလက်ရည်မကျဘူးဆိုတာကို ပြသရင်း ရန်ငြှိုးတွေကို လက်တုံ့ပြန်ကလဲ့စားချေသွားတာပဲဖြစ်ပါတယ်။