ဒီဇာတ်ကားဟာ ၂၀၂၆ ခုနှစ် ဇွန်လမှာ ရုံတင်ပြသခဲ့ပြီး ဒါရိုက်တာ KS Kishaan ရိုက်ကူးထားတဲ့ တမီးလ် Horror / Thriller ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာဆင်းရဲနွမ်းပါးပြီးငွေကြေးအခက်အခဲကြုံနေရတဲ့ ကျေးလက်ရွာသားတစ်ယောက်ဟာသည် လယ်ကွင်းအစပ်တောထဲကနေ ထူးဆန်းတဲ့ ရုပ်တုတစ်ခုကို တွေ့ခဲ့ပါတယ်။ အဲဒီရုပ်တုဆီကနေ သူ့ရဲ့ ဒုက္ခတွေကိုရင်ဖွင့်ဆုတောင်းရာက ရွှေဒင်္ဂါးတွေ မမျှော်လင့်ဘဲ စတင်ရရှိလာခဲ့တာပေါ့။ဒါပေမဲ့ လောဘရမ္မက်ကြီးထွားလာတာနဲ့အမျှ အဲဒီရုပ်တုရဲ့ အမှောင်ဘက်ခြမ်းက ပေါ်ထွက်လာပြီး ပိုမိုကြီးမားတဲ့စည်းစိမ်ဥစ္စာအတွက် လူသားသန္ဓေသားကိုယဇ်ပူဇော်ဖို့ တောင်းဆိုလာတဲ့အခါ ရွာထဲမှာ ကြောက်မက်ဖွယ် ဖြစ်ရပ်တွေ စတင်လာပါတော့တယ်။ဒီလိုနဲ့နှစ်တွေကြာပြီးတဲ့နောက်ငွေကြေးကျပ်တည်းနေတဲ့ မြို့ပြက စုံတွဲတစ်တွဲ ဟာသူတို့ရဲ့ ဘိုးဘွားပိုင် မြေကွက်နဲ့ အိမ်ဟောင်းကြီးကို အမွေရဖို့ဖြစ်လာပြီး ရောင်းချရန် ရွာကို ပြန်လာခဲ့ကြပါတယ်။အဲဒီဘိုးဘွားပိုင်အိမ်ဟောင်းကြီးကို ရောက်ရှိချိန်ကစပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုကြုံတွေ့လာရတဲ့အခါမှာတော့.....။