Bears: The Hunt HD

Bears: The Hunt

Drama HD 2025-08-11 5.7 86 Min

ဒီဇာတ်လမ်းကတော့ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြားက ထုံးစံသဘာဝကို ပြောင်းပြန်လှန်သရော်ထားတဲ့ dystopian survival တစ်ကားပဲ ဖြစ်ပါတယ်။"Beartopia" လို့ ခေါ်တဲ့ ကမ္ဘာကြီးမှာ ဝက်ဝံတွေက အုပ်စိုးကြပြီး လူသားတွေကို အားကစားတစ်ခုအဖြစ်နဲ့ အမဲလိုက်ကြတယ်။ခေတ်မီတဲ့ အသိုင်းအဝိုင်းမှာနေကြတဲ့ ဝက်ဝံတွေက လူသားတွေကို သူတို့အတွက် အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မြင်ပြီးတော့ နှစ်စဉ် "လူသားအမဲလိုက်ပွဲ" ဆိုတဲ့အားကစားပွဲကြီးကို စီစဉ်ပြီး ရုပ်သံထုတ်လွှင့် ပြဖို့ပြင်ဆင်ကြပါတယ်။ဒီဇာတ်လမ်းမှာ Humomma ဆိုတဲ့ လူသားမိခင်က သူ့ကလေးတွေနဲ့အတူ တောအုပ်နက်ကြီးထဲကို အမဲလိုက်တဲ့ ဝက်ဝံတွေလက်ကနေ လွတ်အောင် ပြေးရမှာပဲ ဖြစ်ပါတယ်။ နှစ်စဉ်လူသားအမဲလိုက်ပွဲ စတာနဲ့ လက်နက်တွေကိုင်ပြီး အမဲလိုက်ကြတဲ့ ဝက်ဝံတွေဆီကနေ အသက်လုထွက်ပြေးရင်း တော်တော်ကြမ်းတမ်းတဲ့ ဒုက္ခအန္တရာယ်တွေနဲ့ဘယ်လိုရင်ဆိုင်သွားရမလဲဆိုတာကို လက်တွေ့ဘဝက လူသားတွေရဲ့ တောရိုင်းတိရိစ္ဆာန်တွေအပေါ် အားကစားအမဲလိုက်ပွဲတွေနဲ့ ဆုလာဒ်တွေလို ဆက်ဆံကြတဲ့ ရက်စက်မှုကို သရော်ပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။