ခပ်လန်းလန်း ဆယ်ကျော်သက်လူငယ်စုံတွဲလေးရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ထားတဲ့ ဖိလစ်ပိုင် Romantic Drama ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့ လူမှုကွန်ရက်မှာ အမှားတစ်ခုကြောင့် တစ်နိုင်ငံလုံးရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး နာမည်ပျက်ကာ ဘဝပျက်လုနီးပါး ဖြစ်သွားခဲ့တဲ့ အင်ဖလူရန်ဆာ မလေး"တာလာ"အကြောင်းကနေ စတင်ထားပါတယ်။ တာလာဟာ မီဒီယာတွေ၊ လူမှုကွန်ရက်ပေါ်က အဆိပ်အတောက်တွေနဲ့ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ဝေးရာ နယ်မြို့လေးဆီ သွားရောက်ပြီးခေတ္တခဏ ပုန်းကွယ် အနားယူခဲ့ပါတယ်။အဲဒီ နယ်မြို့လေးမှာတော့ သူမဟာ ဗီဒီယိုရိုက်ကူးသူ ကောင်လေး "မိုက်ကယ်" နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ နယ်မြို့လေးရဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ တာလာနဲ့ မိုက်ကယ်တို့ရင်းနှီးကျွမ်းဝင်လာတာနဲ့အမျှ... မမျှော်လင့်ထားတဲ့ နေရာလေးမှာ အချစ်တွေဖြစ်လာတဲ့အခါ သူတို့ရဲ့ အနာဂတ်အတွက် "ငါတို့ ဖြစ်နိုင်ပါ့မလား" ဆိုတဲ့ မေးခွန်းနဲ့အတူ ရင်ခုန်စရာအချစ်ခရီးစဉ်လေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။