၂၀၁၀ ခုနှစ် ...အာဂျစ်တို့ကလေးဘဝပေါ့။ မိသားစုနဲ့အတူ ခရီးထွက်လာရင်း ညီမဖြစ်သူ ပါသူးနဲ့ ကလေးသဘာဝ ခုံလုကြတယ်။ ပြတင်းပေါက်ဘေးရှာထိုင်မိတဲ့ပါသူးက ရထားပေါ်မှာပဲပျောက်ဆုံးသွားခဲ့ရတယ်။ အာဂျစ်တစ်ယောက် ဒါ သူ့အပြစ်ဆိုပြီး ဒီစိတ်ဒဏ်ရာကို ရင်ထဲထည့်ပြီး ကြီးလာတဲ့အခါ ရဲအရာရှိဝင်လုပ်ခဲ့တယ်။ ဒုရဲအုပ်အစမ်းခန့်ကာလအတွင်းသူပထမဆုံးကိုင်ရတဲ့အမှုက အမည်မသိအမျိုးသမီးတစ်ယောက် ေ-သဆုံးမှု။ ရွှေ့ပြောင်းလုပ်သားတွေဆိုတော့ အသိရယ်မရှိ သဲလွန်စဆို ဝေး။ ဘယ်လိုအချိတ်အဆက်တွေနဲ့သူကြိုးစားသွားမလဲ ညီမဖြစ်သူကိုရော ပြန်တွေ့နိုင်မှာလား..။