Breathing Underwater FHD

Breathing Underwater

Drama FHD 2025-07-25 5.8 74 Min

ဆယ်ကျော်သက်လေးတွေရဲ့ အပျို လူပျိုဖော်ဝင်စအရွယ် ခံစားချက်လေးတွေနဲ့ ကြုံတွေ့ရတာလေးတွေကို ဖော်ကျူးထားတဲ့ ဂျပန်ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်...။ အာအိုအိ ဆိုတဲ့ကောင်မလေးက အထက်တန်းပထမနှစ် ရေကူးကလပ်ဝင်လေးပါ။စိတ်ထဲမှာလည်း ကလပ်ထဲက ဟိနဆိုတဲ့ ကောင်မလေးကို မိန်းကလေးချင်း ကြိုက်မိနေပြီလားဆိုပြီး သူ့ လိင်စိတ်ဖြစ်တည်မှုကို ကိုယ့်ဘာသာကိုယ် ပြန်မေးခွန်းထုတ်နေရတဲ့ ကောင်မလေးပေါ့။ နောက်ပြီး သူ့ သူငယ်ချင်းဖြစ်တဲ့ မာဆာကီကကျ ကျောင်းမှာ မိန်းကလေးတိုင်းက အလိုလို ဒူးထောက်ကြွေဆင်းရတဲ့ ရုပ်ချောပြီး ခန္တာကိုယ်လည်း မိုက်တဲ့ ကောင်လေးတစ်ယောက်။သူကျတော့လည်း မိန်းကလေးတိုင်းကိုပါ ပတ်တွဲနေတာ သူတကယ်ကြိုက်တာက ဘာမှန်းလည်းမသိရ။ အဲဒီမှာတင် သူတို့ကလပ်ထဲက သူငယ်ချင်းကလည်း မာဆာကီ နဲ့ တွဲတဲ့အပြင် အာအိုအိ ကြိုက်နေတဲ့ ဟိနလေးကပါ ဆက်ပြီး သူနဲ့ ဇာတ်လမ်းတွေဖြစ်ကြတဲ့အခါ ဒီ သူငယ်ချင်းတွေကြားက ဆက်ဆံရေးတွေဟာ ဘာဆက်ဖြစ်ကြမလဲ နောက်ပြီး ဒုတိယနှစ်က စီနီယာတွေိကို အနိုင်ကျင့်လွန်းလို့ဆိုပြီး ပြိုင်ပွဲစိန်ခေါ်ထားတာကလည်း အောင်မြင်ပါ့မလား ဘာအခက်အခဲတွေရှိကြမလဲ ဆိုတာတွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်...။