၁၉၉၀ ပြည့်လွန်နှစ်များဆီက ချေချင်ညာ စစ်ပွဲ (Chechen War) ရဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေချိန်မှာ... အသက် ၈ နှစ်အရွယ် ကောင်မလေး ကာရာက အဘိုးအဘွားတွေရဲ့ အိမ်မှာသွားနေရင်း ကလေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတဲ့ ဥရောပ ဒရမ်မာကားကောင်းဖြစ်ပါတယ် ။စစ်ပွဲရဲ့ အမှောင်ထု၊ မိသားစုရဲ့ စိတ်ဝေဒနာနဲ့ လူကြီးတွေရဲ့ ဟန်ဆောင်မှု အရှုပ်အထွေးတွေကြားထဲမှာ ဖြစ်ပျက်နေသမျှကို နားလည်အောင် ကြိုးစားရင်း... ဘဝရဲ့ ခါးသီးလှတဲ့အမှန်တရားတွေကို ရင်ဆိုင်ရင်း စိတ်ပိုင်းဆိုင်ရာ ကြီးပြင်းရင့်ကျက်လာရပုံကို ကြည့်ရမယ့် Historical Drama ကားလေးဖြစ်ပါတယ်။