ပထမဇာတ်လမ်းအပြီး နောက်ငါးနှစ်အကြာကာလကိုအခြေခံထားပါတယ်။ ဆာရာနဲ့သားဖြစ်သူဆမ်တို့ဟာကိုယ့်ဘ၀နဲ့ကိုယ်အခြေကျဖို့ကြိုးစားနေတုန်းမှာ ဆာရာ့ခင်ပွန်းဟောင်းရဲ့ညီလို့ဆိုသူ ဒွန်နီတစ်ယောက် သူတို့ဘ၀ထဲကိုပြန်ရောက်လာခဲ့ပါတယ်။ ကောင်းသော လာခြင်းနဲ့မဟုတ်ပဲ သူ့အစ်ကို ဝက်ဝံကိုက်ပြီး သေဆုံးရတယ်ဆိုတဲ့ဖြစ်ရပ်ကို မသင်္ကာလို့ သူတို့ကို အနီးကပ်စောင့်ကြည့်ဖို့လာနေတဲ့သဘောပါပဲ။ ဒါပေမယ့် ရောက်ပြီးမကြာခင်မှာပဲသူတို့ကိုပြဿနာရှာသောင်းကျန်းတဲ့အတွက် ဂေါ်ဘလင်ရောက်လာပြီး ပညာပေးရာကနေ ဆေးရုံရောက်သွားခဲ့ပါတယ်။ဒါပေမယ့်လည်း သူတို့ကို အခဲမကျေတဲ့ ဒွန်နီဟာ ဂေါ်ဘလင်ကိုရော သူတို့မိသားစုကိုပါ ဒုက္ခပေးဖို့ပြန်ရောက်လာဦးမှာဖြစ်တဲ့အတွက် ဒွန်နီရဲ့ရန်ကရော ရွာခံမုဆိုးတွေရဲ့ ရန်ကပါဂေါ်ဘလင်ကို ဘယ်လိုကာကွယ်ကြမလဲ၊ သူတို့ကိုယ်တိုင်ရောလွတ်မြောက်နိုင်မှာလားဆိုတာကို ဆက်ရှုစားရမှာဖြစ်ပါတယ်။