ဒီထရွိုက် (Detroit) မြို့က ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ဂျယ်ရီကို ဂျက်ဆင် (Jericho "Action" Jackson) ဟာ အရင်က အရမ်းကြမ်းတမ်းပြီး ပြဿနာရှာတတ်တာကြောင့်ရာထူးချခံထားရသူဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဏာနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို လိုချင်နေတဲ့ ကားကုမ္ပဏီသူဌေးကြီးပီတာ ဒဲလာပလိန်း (Peter Dellaplane) ဟာ သူ့ရဲ့ လုပ်ငန်းတွေမှာဝင်စွက်ဖက်နေတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို ကြေးစားတွေလွှတ်ပြီး လိုက်လံလုပ်ကြံ သတ်ဖြတ်နေပါတယ်။ဂျက်ဆင်က ဒီအမှုတွေကို စုံစမ်းဖို့ ကြိုးစားတဲ့အခါပီတာရဲ့ ဇနီးဖြစ်သူ ပက်ထရစ် (Patrice) နဲ့ ပီတာရဲ့ တရားမဝင် မယားငယ်ဖြစ်သူ မူးယစ်ဆေးစွဲနေတဲ့ အဆိုတော် ဆစ်ဒနီ (Sydney) တို့နဲ့ ပတ်သက်မိပါတော့တယ်။ ပီတာက သူ့ရဲ့လျှို့ဝှက်ချက်တွေကို သိသွားတဲ့သူ့ဇနီးကိုပါ လုပ်ကြံပြီး ဂျက်ဆင်ကို လူသတ်မှုနဲ့ အမှုဆင်ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ ဂျက်ဆင်တစ်ယောက် ထွက်ပြေးရင်း အမှန်တရားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။