Tragic Villain FHD

Tragic Villain

Thriller FHD 2026-04-08 4.7 90 Min

မာရီယာနဲ့အေဗရီတို့ဟာ မွေးကင်းစ သမီးငယ်လေးကို လတ်တလော ဆုံးရှုံးလိုက်ရပြီး နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ရုန်းကန်နေရပါတယ်။ တစ်ချိန်ကတက်ကြွ ပျော်ရွှင်နေတတ်တဲ့မာရီယာဟာ အခုချိန်မှာအမြဲတမ်းနူတ်ဆိတ်နေတတ်ပြီး ပြန်နာလန်ထူလာဖို့မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့ အခြေအနေအထိ ဆုတ်ယုတ်သွားခဲ့ပါတယ်။ ငွေကြေးပြည့်စုံသူတွေဖြစ်တဲ့အတွက်အေဗရီဟာ ဇနီးသည်ကျန်းမာရေးအတွက် နည်းလမ်းမျိုးစုံလိုက်ရှာခဲ့ပေမယ့်ထူးခြားမှုမရှိခဲ့ပါဘူး။ တစ်ချိန်မှာတော့ သူအလုပ်ပြန်ဝင်ဖို့လိုအပ်လာတဲ့အတွက် ဇနီးသည်ကို အနီးကပ်ပြုစုဖို့အချိန်ပြည့် သူနာပြုတစ်ယောက်ကို ငှားရမ်းခဲ့ပြီး ဇနီးသည်ကိုစိတ်ပိုင်းဆိုင်ရာ ကုစားဖို့အတွက်တော့Grieving Doll လို့ခေါ်တဲ့အရုပ်တစ်ရုပ်ကို အများစုကန့်ကွက်နေတဲ့ကြားက မှာယူလိုက်မိချိန်မှာတော့ သူတို့အိမ်တွင်းရေးအခြေအနေတွေဟာစတင်ပြောင်းလဲလာခဲ့ပါတော့တယ်။သူတို့ရဲ့ပြောင်းလဲခြင်းဟာ အကောင်းဘက်ကိုဦးတည်မှာလား?  Grieving Doll ဆိုတဲ့အရုပ်ကရော ကြေငြာထားသလိုတကယ်အစွမ်းထက်ရဲ့လား? ဇနီးသည်ကို ပြုစုဖို့ရောက်လာတဲ့ သူနာပြုကာလာကရော ဒီအပြောင်းအလဲတွေမှာ ဘယ်နေရာကပါဝင်လာမလဲ ဆက်လက်ရှုစားကြပါ။