Dungeons & Dragons: The Book of Vile Darkness HD

Dungeons & Dragons: The Book of Vile Darkness

Fantasy Adventure HD 2012-08-09 4.3 90 Min

ဒီတတိယကားကတော့ ပထမကားနဲ့ရော ဒုတိယကားနဲ့ရော မအပ်စပ်တော့ပါဘူး။ ခေတ်တစ်ခေတ်မှာ ဆိုးယုတ်တဲ့‌ မှော်ဆရာတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဒီဘဲက ဘယ်လောက်ယုတ်သလဲဆို သူကလူဆိုတော့ လူ့သက်တမ်းတစ်လျှောက်လေးပဲ ယုတ်ရမှာ နည်းလိုက်တာဆိုပြီး သံသရာအဆက်ဆက်ယုတ်ဖို့ ကြံစည်ပါတယ်။ နတ်ဆိုးကို ဝိညာဉ်ရောင်းပြီး သူ့ခန္ဓာကိုယ်ကို ယုတ်ညံ့မှုအပေါင်းကို ခေါ်ဆောင်လာမယ့် စာအုပ်အဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီစာအုပ်ကိုကြည့်မိတဲ့လူတိုင်း မကောင်းဆိုးရွားဖြစ်ကုန်ပါမယ်။ ကြာလာရင်တစ်လောကလုံး မကောင်းဆိုးရွားဖြစ်ပြီး လောကကြီးပျက်မယ့် မဟာအိုင်ဒီယာကြီးပေါ့။ ဒါပေမဲ့ အလင်းနတ်ဘုရား ပါလာရဲ့ ကျေးကျွန်တွေဖြစ်တဲ့ နယူးဆန်းသူရဲကောင်းတွေက သူတို့ကိုတားဆီးပြီး လောကကြီးကိုကယ်တင်လိုက်ပါတယ်။ စာအုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ အကုန်တော့မပျက်ဘဲ ကျန်နေတဲ့အစိတ်အပိုင်းတွေကို နောက်မျိုးဆက်ရဲ့လူယုတ်တွေက ပြန်အသက်သွင်းဖို့ကြံပါတယ်။