Dungeons & Dragons HD

Dungeons & Dragons

Drama Fantasy Adventure HD 2000-12-08 4.3 107 Min

Dungeons & Dragons Trilogy ရဲ့ အကောင်းဆုံးကားလို့ပြောရပါမယ်။ Jeremy Ironsတို့ Marlon Wayansတို့ပါဝင်ထားပါတယ်။ အသစ်ပြမယ့် Reboot ကလည်း ဒီကားကိုပဲ အခြေခံထားတယ် ထင်ပါတယ်။ ဒီကားမှာတော့ အစ်ဇမာရဲ့ဧကရီမလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးနန်းစိုးစံဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ကောင်စီက ဧကရီမလေးရဲ့ မှော်ဆရာတွေနဲ့ သာမန်လူတွေကို တစ်သားတည်းထား တန်းတူညီမျှအခွင့်အရေးပဲ ပေးချင်တဲ့ ပုန်ကန်တတ်တဲ့ဗီဇကို ကြောက်ရွံ့ပြီး ဧကရီမလေးဆီက အာဏာသိမ်းတဲ့ သဘောဆန်ဆန်လုပ်ဖို့ကြံလာပါတယ်။ ဒီခေတ်မှာတော့ ဘုရင်မဟာ နဂါးတွေကိုထိန်းချုပ်နိုင်စွမ်းရှိပြီး နဂါးတွေနဲ့ တိုက်ခိုက်တာတွေ ဘာတွေမြင်ရပါမယ်။ ဒါပေမဲ့ ကောင်စီက ဧကရီမလေးရဲ့ ရာဇတောင်ဝှေးကို အကြောင်းပြချက်ပေးသိမ်းယူဖို့ကြံတာကြောင့် ဧကရီမလေးနဲ့ လူယုံတွေဟာ နဂါးနီတွေကို ထိန်းချုပ်နိုင်တဲ့ ကျိုင်းကိုရှာပြီး သူ့လက်နက်အစားကိုင်စွဲပြီး ကောင်စီကို ဆန့်ကျင်ဖို့ လုပ်ပါတယ်