"အတိတ်က ပျောက်ဆုံးသွားတဲ့သူတစ်ယောက် ပြန်ပေါ်လာတဲ့အခါ... အဲဒါ ဝမ်းသာစရာကိစ္စလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အပြစ်ကြွေးတွေက ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲလား"Mystery & Psychological Drama ကားကောင်းကောင်းလေး ကြည့်ချင်လို မျှော်နေတဲ့ ဘော်ဒါတွေအတွက် ဂျပန်ဇာတ်ကားသစ်လေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကတော့ လူ့စိတ်ရဲ့ နက်နဲတဲ့ အပြစ်ရှိစိတ်နဲ့ ပဟေဠိဆန်မှုတွေကို သေသေချာချာ ရိုက်ပြထားပါတယ်။ဇာတ်လမ်းအစမှာတော့ အာကီအိုဆိုတဲ့ အမျိုးသားဟာ သူ မကြာခင် လက်ထပ်တော့မယ့် သတင်းကို ပြောပြဖိုအတွက် သူ့ရဲ့ မွေးရပ်မြေကို ပြန်လာခဲ့ရာကနေ စတင်ထားပါတယ်။ မြိုလေးကို ပြန်ရောက်ပြီး အတိတ်က အလွမ်းအဆွေးတွေကြားမှာ မျောလွင့်နေတုန်း... သူ့ခေါင်းထဲကို အထက်တန်းကျောင်းသားဘဝတုန်းက ရုတ်တရက် ပျောက်ချင်းမလှ ပျောက်သွားခဲ့တဲ့အာကီရာ ဆိုတဲ့ ကောင်မလေးအကြောင်း ရောက်လာခဲ့တာပေါ့။အာကီအိုရဲ့ ရင်ထဲမှာ အာကီရာ ပျောက်ဆုံးသွားတာဟာ သူ့ကြောင့်များလားဆိုတဲ့ အပြစ်ရှိစိတ်က နှစ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့တာပါ။ ဒီလိုနဲ့ အခု အချစ်ရေးဝတ္ထုရေးဆရာမဖြစ်နေပြီဖြစ်တဲ့ သူ့ရဲ့ အထက်တန်းကျောင်းက အတန်းပိုင်ဆရာမ ယူအီကိုနဲ့လည်း မြိုလေးမှာ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကတော့... အချိန်အကြာကြီးကြာမှ အိမ်ပြန်ရောက်လာတဲ့ အာကီအိုတစ်ယောက် အတိတ်က ပျောက်သွားတဲ့ အဲဒီကောင်မလေးနဲ့ပြန်ဆုံတွေ့လိုက်ရတဲ့အခါ...တကယ်ပဲ သူက အတိတ်က ကောင်မလေး အစစ်ပဲလား။ ဒါမှမဟုတ် အာကီအို ရင်ဘတ်ထဲက အပြစ်ရှိစိတ်တွေကြောင့် မြင်ယောင်နေတဲ့ ပုံရိပ်ယောင် သက်သက်ပဲလား သူတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။