Say Less FHD

Say Less

Comedy Drama Romance FHD 2026-03-10 6 81 Min

Project X လိုမျိုး မိဘတွေမရှိခိုက် အိမ်မှာ လူငယ်တွေ စုမိပြီး ဖြစ်တတ်တဲ့ အလွဲတွေ၊ ဆယ်ကျော်သက်တွေရဲ့  ရင်ခုန်သံတွေကို ပေါ့ပေါ့ပါးပါးနဲ့ Teen Comedy ပုံစံ ရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ ဆယ်ကျော်သက် မောင်နှမနှစ်ဦးဖြစ်တဲ့ "ကက်ဆီ"  နဲ့ သူမရဲ့အစ်ကို "မက်စ်" တို့ အကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ မိဘတွေက မြို့ပြင်ကိုခရီးထွက်သွားကြတဲ့အတွက် မောင်နှမနှစ်ယောက်တည်း အိမ်မှာ လွတ်လပ်ရေးရပြီး ကျန်ရစ်ခဲ့ပါတော့တယ် ။ဒီလိုလွတ်လပ်ခွင့်ရတဲ့အချိန်မှာ မောင်နှမနှစ်ဦးလုံးမှာ ကိုယ်စီလျှို့ဝှက်ပလန်တွေ ရှိနေကြပါတယ်။ ညီမဖြစ်သူ ကက်ဆီက သူအသည်းစွဲ ကြိတ်ကြိုက်နေရတဲ့ ကောင်လေး "ဘလိတ်" ကိုအိမ်မှာအတူတူ စာကျက်ဖို့ အကြောင်းပြချက်နဲ့ ချိန်းပြီး အပီအပြင် ရိုမန့်တစ်ဆန်ဖို့ မျှော်လင့်ထားသလို... အစ်ကိုဖြစ်သူ မက်စ်ကလည်း သူ့ရဲ့ ကောင်မလေး "စကိုင်း"နဲ့အတူ အိမ်မှာနှစ်ကိုယ်တည်း  နွေးထွေးတဲ့ ညချမ်းလေးတစ်ခုကိုဖြတ်သန်းဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ အိမ်တစ်အိမ်တည်းမှာ တစ်ချိန်တည်း ပြိုင်တူဖြစ်လာတဲ့ သူတို့ရဲ့ အချစ်ပလန်တွေကြောင့် မောင်နှမနှစ်ဦးကြား နယ်မြေလုပွဲတွေ၊ သူငယ်ချင်းတွေ ရုတ်တရက် ရောက်လာမှုတွေနဲ့အတူအစီအစဉ်တွေအားလုံး လွဲချော်ကုန်ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အချစ်ညချမ်းလေးဟာ ဘယ်လိုမျိုး ထိန်းမနိုင်သိမ်းမရ အလွဲတွေ ဖြစ်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါး  ရိုက်ပြထားပါတယ်။