ညအချိန်မှာ အဝေးပြေးလမ်းမကြီးပေါ်မှာ ဂန်းစတား ၂ ယောက်, ရန်ဖြစ်နေတဲ့ လင်မယား ၂ ယောက် , ဆေးရုံက ပြန်လာတဲ့ သားအဖ ၂ ယောက်နဲ့ စိတ်ကျရောဂါရှိသူတွေကိုအားပေးတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင် ၃ ယောက်တို့ကိုယ်စီ မောင်းနှင်လာတဲ့ကား ၄ စီးက အမျိုးသမီး တစ်ယောက်ကို တိုက်မိသွားပြီးနောက် ကားဆင့်တိုက်မှုပါ ဖြစ်သွားတဲ့အတွက် ရဲစခန်းကိုထွက်ဆိုချက်ပေးဖို့ ရောက်သွားခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ရဲစခန်းမှာ သူ့အပြစ် ငါ့အပြစ် ပုံချကြရင်း မတော်တဆမှုကြောင့် အသက်ဆုံးရှုံးသွားတဲ့ နစ်နာသူကို ကိုယ်ရေး အချက်အလက်အတည်ပြုဖို့ လုပ်ရာကနေ .. အနိုင်ရသူ မရှိသေးတဲ့နာမည်ကြီး ဥာဏ်စမ်းရှိုးက နောက်ဆုံး မေးခွန်းရဲ့ အဖြေတွေကို တွေ့သွားပါတော့တယ်။သူတို့ ၄ ဖွဲ့အပါအဝင် ရဲစခန်းကိုရောက်နေတဲ့ ဒယ်လီသမားတွေနဲ့ ရဲတွေကပါ ဆုကြေးငွေ ၁၃.၅ ဘီလီယံဝမ်ကို အရယူဖို့ ဥာဏ်စမ်းအစီအစဥ်မှာ ဝင်ပြိုင်ကြတဲ့အခါမှာတော့ ......သူတို့တွေထဲ ဘယ်သူကများ အနိုင်ရသူ ဖြစ်သွားမလဲ ....အနိုင်သူ မပေါ်သေးတဲ့ ဥာဏ်စမ်းအစီအစဥ်ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတွေ ရှိနေမလဲဆိုတာကို ရယ်မောရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။