ရှင်တာရို ယိုကိုတာဟာ ငယ်စဉ်လူမှန်းသိတတ်စအရွယ်ကတည်းက ဘေ့စ်ဘောကို အမေဖြစ်သူနဲ့ ကစားခဲ့ပါတယ်။ အဖေဖြစ်သူကလည်း ဘေ့စ်ဘော အားကစားသမားဟောင်း ပါ။ ယိုကိုတာ အသက် ၁၈ နှစ်အရွယ်မှာ ဟန်ရှင်တိုက်ဂါးစ်ကနေ ဒုတိယအဆင့်အဖွဲမှာ ကစားဖို ရွေးချယ်ခံခဲ့ရပြီး .. သူ့ဘဝအိပ်မက်ဖြစ်တဲ့ ပရိုဘေ့စ်ဘောသမားဖြစ်လာအောင် အသင်းမှာအစွမ်းကုန် လေ့ကျင့်ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ အသက် ၂၁ နှစ်မှာတော့ လူတိုင်းရဲ့ မျှော်လင့်အားထားရတဲ့ အားကစားသမားဖြစ်လာခဲ့တယ်။ ကံအကြောင်းမလှစွာနဲ့ သူ့အမြင်အာရုံတွေ ဝေဝါးလာလို့ ဆေးစစ်ကြည့်တဲ့အခါဦးနှောက်မှာ အကျိတ်တွေ့သွားပြီး ခွဲစိတ်ရဖို ဖြစ်သွားခဲ့ပါတယ်။ ရှေ့အလားအလာ အများကြီးရှိနေတဲ့ ယိုကိုတာဟာ ခွဲစိတ်ပြီးပြီးချင်း အမြင်အာရုံပျောက်ဆုံးသွားခဲ့ကာ စိတ်ရောကိုယ်ပါလုံးလုံးပြိုလဲသွားခဲ့ရတယ်။ ဒါပေမဲ့ သူ့ကို ချစ်ခင်ကြတဲ့ မိသားစု၊ နည်းပြတွေ၊ ကစားဖော်တွေနဲ့ပရိသတ်တွေကြောင့် သူဟာ သူ့ရောဂါကို ကြံ့ကြံ့ခံနိုင်ဖို ကြိုးစားရင်း လေးစားစရာ ကောင်းလှတဲ့ အမေဖြစ်သူရဲ့ဖေးမလမ်းညွှန်ပေးမှုတွေနဲ့ ပြန်လည်ရုန်းထရင်းကနေ လူငယ်၊လူကြီးများစွာအတွက် စိတ်ခွန်အားပေးနိုင်ဖို့ ၊ ဘဝကို အကျိုးရှိစွာ နေသွားနိုင်ဖို့၊ သူ့ကိုချစ်ခင်ကြသူတွေကို အကောင်းဆုံးတွေပဲပြပေးနိုင်ဖို့ ကြိုးစားသွားပုံတွေကို လေးစားအားကျဖွယ် ရှုစားလိုက်ကြရအောင်ပါ။