The Pale Blue Eye FHD

The Pale Blue Eye

Crime Horror Thriller Mystery FHD 2022-12-22 6.981 130 Min

စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့သဲလွန်စ​တွေကို စုံစမ်းလာရင်း ​သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်​ကြောင်း သိလာရပြီး ထို​ကျောင်းမှ ကဗျာရူးစာရူး ဗိုလ်​လောင်း အီး.​​အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက် များစွာနက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ပတ်သက်​နေမှန်း သိသွားကြပါတယ်။ ထိုကဗျာရူး ဗိုလ်​လောင်းဆိုသည်မှာ တခြားသူမဟုတ်.. ​နောင်အခါ Edgar Allen Poeဆိုသည့် နာမည်​ကျော်စာ​ရေးဆရာကြီး ဖြစ်လာ မယ့်သူပါ။ လန်​ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်​အောင် ​ဖော်ထုတ်နိုင်ကြမလား၊ တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှု များစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ​ကော်ဖီ တစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံ​ထောက်ဇာတ်ကား​ကောင်း တစ်ခုပဲဖြစ်ပါတယ်။