72 HOURS FHD

72 HOURS

Comedy FHD 2026-07-20 9.5 102 Min

ဂျိုး (Kevin Hart) က အသက် ၄၀ အရွယ် ကြော်ငြာကုမ္ပဏီက အလုပ်အမှုဆောင်တစ်ယောက်ပါ။ သူ့အလုပ်အကိုင်က သိပ်အဆင်မပြေဖြစ်နေပြီး ဘော့စ်ကလည်း သူ့ကို အသက်ကြီးနေပြီလို့ထင်နေတာပေါ့။ တစ်ရက်ကျတော့ လူငယ်အုပ်စုတစ်စုက လူပျိုညပွဲ (bachelor party) လုပ်ဖို့ ဖုန်းထဲမှာ ဂရုချတ်ဖွဲ့ရာကနေ ဂျိုးကို လူမှားပြီး ထည့်လိုက်မိရော။ဂျိုးကလည်း လူမှားလက်စနဲ့ လူငယ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်ဆိုပြီး မိုင်ယာမီ (Miami) မှာ ၃ ရက် (၇၂ နာရီ) ကြာမယ့် အဲဒီခရီးစဉ်ကို ရောယောင်ပြီး လိုက်သွားပါတော့တယ်။ရည်ရွယ်ချက်ကတော့ လူငယ်တွေနဲ့ ပေါင်းပြီး သူ့ရဲ့ကျဆင်းနေတဲ့ ပုံရိပ်ကို ပြန်ဆယ်ဖို့ပါပဲ။ဒါပေမဲ့ ပျော်စရာခရီးစဉ်လေးကနေ ရဲတွေနဲ့ ငြိတာတွေ၊ မူးယစ်ဆေးဂိုဏ်းပြဿနာတွေ၊ ရွက်လှေပါတီတွေနဲ့ ပါတီဘတ်စ်ကားပေါ်မှာ တကယ့်ကို ဗြောင်းဆန်သွားပါတော့တယ်။မျိုးဆက်မတူတဲ့ လူငယ်တွေကြားမှာ အတင်းဝင်ဆံ့အောင်ကြိုးစားရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတာပါ။ဒါရိုက်တာ Tim Story က ရိုက်ကူးပေးထားတာပါ။ ဟာသတွေ တောက်လျှောက်ဖောက်ထားပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေကြည့်ချင်သူတွေအတွက် အဆင်ပြေမယ့် ကားလေးဖြစ်ပါတယ်။ရုံးပိတ်ရက်မှာ အပျင်းပြေ ကြည့်ဖို့ တကယ်ကို အကြံပေးချင်ပါတယ်။