ရှပ်ရှင်ရိုက်ကူးရေးတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်တယောက် ကြိုး-ဆွဲချ-ေသတဲ့အခန်းကိုဒေသခံလည်းဖြစ် ကိုယ်ဝန်ဆောင်လည်းဖြစ်တဲ့ ချီသီနီတယောက် ဝင်သရုပ်ဆောင်ဖို့လုပ်ပါတယ်။ဒါပေမဲ့ ချီသီနီ အသ-တ်ခံလိုက်ရပါတယ်။သေဆုံးသွားပြီးတဲ့နောက် တောထဲမှာ ချီသီနီရဲ့ ခြောက်လှန့်မှုတွေကို လူတွေအများကြီးကြုံတွေ့ဖူးကြတယ်လို့ ဆိုကြပါတယ်။အဲဒီကိစ္စဖြစ်သွားခဲ့တာ ၂၃နှစ်ကြာပြီးတဲ့အချိန်။ တောပတ်လည်ဝိုင်းနေတဲ့ အဲဒီဒေသကိုပဲထူးခြားဆန်းပြားတဲ့ ကိစ္စတွေကို စီစဉ်တင်ဆက်တဲ့ နီရှာက အဖေဖြစ်သူ နေထိုင်ရာဒေသလည်းဖြစ်တာမို့သူ့အစီအစဉ်အတွက် ရွေးချယ်လိုက်ပါတယ်။နောက်ထပ်ရောက်လာတာကတော့ စခန်းမှူးအသစ် အယ်လန်။သူတို့ရောက်တဲ့နေ့မှာပဲ ကိုယ်ဝန်ဆောင်သည်တယောက် သစ်ပင်မှာ ကြိုးဆွဲချ-ေသဆုံးနေတာကိုတွေ့ပြီး ကိုယ်ဝန်ဆောင်တစ္ဆေ ချီသီနီ ပြန်သောင်းကျန်းနေပြီဆိုတဲ့ ကောလာဟလနဲ့အတူထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အခါမှာတော့...။