အထီးကျန်ဆန်ပြီး ထက်မြက်တဲ့ ကိုင်လ်ဆိုတဲ့ဟက်ကာလူငယ်လေးတစ်ယောက်ရဲ့ အမှောင်ရိပ်ကျနေတဲ့ နေ့ရက်တွေကနေ စတင်ထားပါတယ်။ သူ့အတွက်တော့ နည်းပညာဟာတစ်ဦးတည်းသော အဖော်ဖြစ်ပြီး၊ လောကကြီးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို သူကိုယ်တိုင် တီထွင်ဆန်းသစ်ထားတဲ့ "Life Hacks" (ဉာဏ်ဆန်းနည်းလမ်းလေးတွေ) နဲ့ပဲဖြတ်ကျော်နေထိုင်ခဲ့သူပါ။ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူဟာ အာဏာရှိသူတွေရဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုထဲကို ဆွဲသွင်းခြင်းခံလိုက်ရတဲ့အခါ...သူ့ရဲ့ကွန်ပျူတာကီးဘုတ်ထက်က ကမ္ဘာလေးဟာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး လက်တွေ့ဘဝရဲ့ စိုးရိမ်ထိတ်လန့်စရာ အန္တရာယ်တွေနဲ့ တိုက်ရိုက်ရင်ဆိုင်ရပါတော့တယ်.....