လုပ်သက် ဆယ်နှစ်အတွင်းမှာ နယ်ပြောင်း ၅၅ခါနဲ့ တပ်သားဘ၀ကနေ တခါမှရာထူးတိုးမလာတဲ့ထရီမူရ်သူလူ။အမှန်တရားဘက်က အမြဲတမ်းရပ်တည်တတ်တဲ့ ဖခင်ရဲသားကြီးကို အားကျပြီး ရဲလုပ်ခဲ့သူမို့ဘယ်လောက် နယ်ပြောင်းရနယ်ပြောင်းရ အမှန်တရားဘက်ကရပ်ရင်း ချစ်ရတဲ့သမီးနဲ့ဇနီးလက်ကိုဆွဲပြီး ပျော်ပျော်ကြီးပြောင်းတဲ့ထရီမူရ်သူလူ။တနေ့မှာတော့ အဖေဖြစ်သူ မဆုံးခင် နောက်ဆုံးဖွင့်ခဲ့တဲ့ တိုင်ချက်ကို တွေ့သွားခဲ့တယ်။ထရီမူရ်သူလူရဲ့အဖေ ရေးထားတဲ့ တိုင်ချက်မှာ အမျိုးသမီးငယ်လေးတယောက်ကနစ်နာသူဖြစ်ပေမယ့် အထက်အရာရှိရေးထားတဲ့ တိုင်ချက်မှာပဲ အဲဒီအမျိုးသမီးငယ်လေးကတရားခံဖြစ်နေပါတယ်။တိုင်ချက်တွေကိုကြည့်ရင်းက မီးခိုးကြွက်လျှောက် လိုက်စုံစမ်းမိတဲ့အခါမှာတော့....။