ကိုယ်ဖျောက်နိုင်သလား ထင်မှတ်ရလောက်အောင် တွေ့သမျှလူတိုင်းကအရေးလုပ်ခြင်း မခံရတဲ့ အိုင်တီသမားလေး ဒီနေ့ရှ်။ဒီနေ့ရှ်က ဘ၀ကို တော်သလိုဖြတ်သန်းရင်း တရုံးတည်း အတူတူလုပ်နေတဲ့ မီရာဆိုတဲ့ထက်မြတ်တဲ့ မိန်းကလေးတယောက်ကိုလည်း တိတ်တခိုးလေး ချစ်မိနေသေးတယ်။ဒါပေမဲ့လည်း မမီတဲ့ပန်းကို ဘာနဲ့မှ မလှမ်းချင်တဲ့ ဒီနေ့ရှ်တယောက်အဝေးက ငေးကြည့်ရုံမျိုးနဲ့ပဲ ချစ်နေခဲ့ပါတယ်။တနေ့တော့ ကံမျက်နှာသာပေးမှုကြောင့် မီရာနဲ့ တစ်ရက်တာ ချစ်သူဖြစ်ခွင့် ရလိုက်ချိန်မှာတော့...။