After All FHD

After All

Drama Family FHD 2025-11-07 5.6 104 Min

ဒီကားကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှောင်းပိုင်းက ထွက်ရှိထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ မိသားစုဒရမ်မာ (Family Drama) ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Kerstin Karlhuberရိုက်ကူးထားပြီး အမျိုးသမီး သုံးဉီးကိုယ်စီ၊ မျိုးဆက်သုံးဆက်ကြားက သံယောဇဉ်နဲ့ ခွင့်လွှတ်ခြင်းအကြောင်းကို ရင်ထဲထိအောင် ပုံဖော်ထားတာပါ။အဓိကဇာတ်ကောင်ဖြစ်တဲ့ အယ်လန် (Ellen) ဟာ လေဖြတ်ဝေဒနာ ခံစားနေရတဲ့ သူ့ရဲ့ မိခင်ကြီး ဗာနာ (Verna) ကို ပြုစုစောင့်ရှောက်ဖို့အတွက် သူ့ရဲ့ မွေးရပ်မြေ တောရွာလေးဆီပြန်လာခဲ့ရပါတယ်။ အယ်လန်ဟာ ဝေဒနာရှင် မိခင်အိုကြီးကို ပြုစုရမယ့်အပြင် တစ်ဖက်မှာလည်း သူ့အပေါ် စိမ်းကားနေပြီး စိတ်ဝမ်းကွဲနေတဲ့ သူ့ရဲ့ ဆယ်ကျော်သက် သမီးဖြစ်သူ ဟေလီ(Haley) ကိုပါ တစ်ပြိုင်တည်း ထိန်းကျောင်းရတဲ့အတွက် ကြားညှပ်ပြီး အခက်တွေ့ရရှာပါတယ်။ အိမ်လေးတစ်အိမ်ထဲမှာ အဘွား၊ အမေ၊ သမီးဆိုတဲ့ အမျိုးသမီးသုံးယောက်သားအတူတူရုန်းကန် နေထိုင်ရင်းနဲ့... အတိတ်က နားလည်မှုလွဲခဲ့တာတွေ၊ စိတ်ဝမ်းကွဲခဲ့တာတွေကို ဘေးဖယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမျိုး ပြန်လည်နီးစပ်အောင် ကြိုးစားကြမလဲ၊ဘယ်လို ခွင့်လွှတ်ခြင်းအလှတရားတွေကို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကို ရိုက်ပြထားပါတယ်။မင်းသမီး Erika Christensen က အမေဖြစ်သူ အယ်လန်အဖြစ် သရုပ်ဆောင်ထားပြီး၊ အဘွားဗာနာနေရာမှာ Penelope Ann Miller နဲ့ သမီးဟေလီနေရာမှာ Kiara Muhammad တို့ကအားဖြည့်ထားကြပါတယ်။ ဒီကားလေးက ၂၀၂၅ နိုဝင်ဘာလတည်းက Digital (VOD) စနစ်နဲ့ ထွက်ရှိထားတာဖြစ်လို့ မိသားစုချင်း စိတ်ဝမ်းကွဲနေတာတွေကို ပြန်လည်ကုစားပေးမယ့်အေးအေးချမ်းချမ်း ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။