Sham FHD

Sham

Drama Thriller FHD 2025-06-27 7.6 129 Min

ဒီကားက ဂျပန်ရဲ့ နာမည်ကြီး ဒါရိုက်တာ " Takashi Miike (Crows Zero, Audition တို့ရဲ့ ဒါရိုက်တာ) ရိုက်ကူးထားတာဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်က ဖူကူအိုကာမြို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဆရာတစ်ယောက်အပေါ် စွပ်စွဲချက် (Fukuoka Murder Teacher Case) စာအုပ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းက တကယ့်ကို ရင်တလှပ်လှပ်နဲ့ဒေါသထွက်စရာ၊ တွေးတောစရာကောင်းလွန်းလို့ ဇာတ်လမ်းအကျဉ်းလေး ပြောပြပေးလိုက်ပါရစေ။ ဇာတ်လမ်းကတော့ စာသင်ကျောင်းလေးတစ်ခုမှာ မိမိအလုပ်ကို ရိုးရိုးသားသားကြိုးစားလုပ်ကိုင်နေတဲ့ မူလတန်းပြဆရာဆီကနေ စတင်ပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူဟာ ဆရာဖြစ်သူရဲ့ လူမျိုးရေးခွဲခြားပြီးရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှုကြောင့် စိတ်ဒဏ်ရာရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုပြီး ကျောင်းကို လာရောက်တိုင်ကြားပါတော့တယ်။ကျောင်းအုပ်ကြီးက ကျောင်းနာမည်ပျက်မှာ ကြောက်လို့ ဆရာကို အတင်းအကျပ် အတင်းအဓမ္မ ဝန်ခံခိုင်းပြီး မိဘတွေကို တောင်းပန်ခိုင်းပါတယ်။ ဒါပေမဲ့ ကိစ္စက အဲဒီမှာတင်မပြီးဘဲသတင်းထောက်တွေ ဒီသတင်းကို နာမည်အစစ်နဲ့တကွ တစ်နိုင်ငံလုံးသိအောင် "လူသတ်သမားဆရာ" ဆိုပြီး အကြီးအကျယ် ချဲ့ကားဖော်ပြလိုက်တဲ့အခါ... အဲဒီဆရာဟာ လူ့အဖွဲ့အစည်းရဲ့ကဲ့ရဲ့ရှုတ်ချမှုကို ခံရပြီး ချက်ချင်းဆိုသလို လူဗီလိန်ကြီး ဖြစ်သွားတော့တာပေါ့။ အဲဒီနောက် ရှေ့နေပေါင်း ၅၀၀ ကျော် ပါဝင်တဲ့ အကြီးစား အရပ်ဘက်တရားစွဲဆိုမှုကြီးဖြစ်လာတဲ့အခါမှာဆရာဖြစ်သူက တရားခွင်ထဲမှာ "ဒါတွေအားလုံးဟာ လုံးဝ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးမှု  သက်သက်ပဲ!" လို့ အသံကုန်အော်ပြီး ငြင်းဆိုလိုက်တဲ့အခါ တရားဖြစ်ရပ်ကဘယ်သူ့ကို ယုံရမှန်းမသိတဲ့ "ဘက်နှစ်ဘက် အမှန်တရားစစ်ပွဲ" ဖြစ်လာပြီး အမေဖြစ်သူဖက်က ရှုထောင့်၊ ကျောင်းဆရာဖက်က ရှုထောင့်ဆိုပြီး ပြသပေးပြီး အမှန်တရားကို ချပြသွားမှာပဲဖြစ်ပါတယ်။