အက်ရှင်၊ ရိုးမန့်စ်၊ ဒရာမာ၊ ဟာသ စတဲ့အမျိုးအစားတွေကို သဟဇာတဖြစ်အောင်မွှေနှောက်ပုံဖော်ထားတဲ့ ကန်နာဒါစကားပြော ရုံတင်ရုပ်ရှင်ကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အာဂျွန်ဟာ စိတ်ဆတ်ပြီး ဒေါသကြီးတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့အာဂျွန့်အဖေကတော့ ရိုးသားဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ဦးပါ။ အာဂျွန့်ဖခင်ရဲ့ အိမ်မက်ကတော့ သားဖြစ်သူကိုရဲအရာရှိကောင်းတစ်ဦးဖြစ်လာစေချင်တာပါ။အဲဒီလိုနေလာရင်း အာဂျွန်တို့နေတဲ့မြို့ထဲကို မူးယစ်ဂိုဏ်းကြီးတခု စိမ့်ဝင်လာခဲ့ပြီး မူးယစ်ဆေးသယ်လာတဲ့ ကြေးစားလုပ်ကြံသူတွေနဲ့ ရဲတွေ ထိတွေ့တိုက်ပွဲဖြစ်ကြပါတယ်။ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် အာဂျွန်တစ်ယောက် ပေါ်ကြော့လူငယ်လေးဘဝကနေ တာဝန်တွေပခုံးပေါ်ကိုရောက်လာတဲ့အခါမှာတော့...။