Scare Package II: Rad Chad’s Revenge HD

Scare Package II: Rad Chad’s Revenge

Comedy Horror HD 2022-12-22 5.3 98 Min

Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Rad Chad တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးသွားပါတယ်။ သူ့အသုဘကို လာပို့တဲ့သူတွေကို ဆေးခတ်ပြီး ရယ်ရခက် ငိုရခက် ထောင်ချောက်တွေနဲ့ တမလွန်ကနေဘယ်လိုတွေ ဒုက္ခပေးဦးမလဲဆိုတာကိုတော့ ပါးစပ်မပိတ်ပဲ တခွိခွိနဲ့ရယ်ရင်း ရှုစားကြရမှာပါ။ သဘောကျစရာအကောင်းဆုံးတစ်ချက်က ရုပ်ရှင်တစ်ခုတည်းကိုကြည့်ရသလိုမဟုတ်ပဲ တစ်ကားတည်းမှာတင် တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေကိုပါ တစ်ဆက်တည်းကြည့်ရမှာကိုပါပဲ။ အဲ့ဒီအပိုင်းတိုလေးတွေကိုလည်း တခြားဒါရိုက်တာတွေက ဝင်ပြီးရိုက်ထားတာဆိုတော့ ကြည့်ရတာမအီဘူးပေါ့။