၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့တစ်နေ့မှာ ဗီဒီယိုခွေဆိုင်ရှင် ကောင်မလေး အယ်လန်ဟာ ပျောက်ဆုံးသွားတဲ့ သူ့အစ်မ ရိုဘာတာချန်ထားခဲ့တဲ့ တိတ်ခွေတွေကို မတော်တဆတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအခွေတွေကတော့ သူ့အစ်မရိုက်ကူးခဲ့တဲ့ "Southern Scares" ဆိုတဲ့ ဒေသတွင်း သဘာဝလွန်ဖြစ်ရပ်မှန် မှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေပါပဲ။ ရိုဘာတာရဲ့တိတ်ခွေတွေကိုတစ်ခွေပြီးတစ်ခွေဖွင့်ကြည့်ရင်းအီလန်တစ်ယောက်တုန်လှုပ်စရာလျှို့ဝှက်ချက်တွေကိုသိလာရပါတော့တယ်။ ဗီဒီယိုထဲမှာ ရိုဘာတာဟာ ဒေသတွင်းက သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့နေရာတွေကို လိုက်လံမှတ်တမ်းတင်ရာကနေ တစ်ဖြည်းဖြည်း ကျန်းမာရေးချို့ယွင်းလာပြီးစိတ်အခြေအနေပါပျက်ပြားလာရာကနေ လူကိုယ်တိုင်ပျောက်ဆုံးသွားခဲ့ရတာပါ။ အီလန်တစ်ယောက် အစ်မဖြစ်သူကိုရှာဖွေဖို့နဲ့သူ့အစ်မကိုဖိစီးနှိပ်စက်ခဲ့တဲ့အမှောင်ထုရဲ့ပဟေဠိကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၉၀ နှစ်တွေကိုအခြေခံထားသလို VHS ဖန်သားပြင် interference လိုင်းတွေ၊ Analog footage ပုံစံမျိုးတွေနဲ့ ခေတ်ဟောင်းအငွေ့အသက်ကိုကွက်တိဖော်ဆောင်ထားပါတယ်။သွေးသံရဲရဲတွေ၊ ရွံရှာစရာအထူးပြုလုပ်ချက်တွေ၊ Jump scare တွေနဲ့ခြောက်လှန့်တဲ့ ဇာတ်ကားမျိုးမဟုတ်ပဲ နောက်ခံပတ်ဝန်းကျင်ကနေ တိတ်တဆိတ်ကြောက်ရွံ့လာစေမယ့်ကားမျိုးပါ။နာမည်ကျော် "Goosebumps" နဲ့ "The Blair Witch Project" တို့ကို ပေါင်းစပ်ထားသလိုမျိုးဖြစ်ပြီးကလေးတွေပါ ကြည့်နိုင်မယ့် PGအဆင့်မျိုးနဲ့အကြောက်တရားကိုရင်ထဲထည့်ပေးနိုင်ပါတယ်။