Exorcist Master FHD

Exorcist Master

Comedy Horror FHD 1993-01-08 6.1 91 Min

၁၉၉၃ခုနှစ်ကထွက်ခဲ့တဲ့ တရုတ်ရိုးရာပညာနဲ့ အနောက်တိုင်းပညာ၂ခုပေါင်းပြီးတော့ သွေးစုပ်ဖုတ်ကောင်ကြီးကို ရှယ်ပညာပြမယ့် Classic ဟောင်ကောင်သွေးစုပ်ဖုတ်ကောင်အက်ရှင်ဟာသရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ မိစ္ဆာမကောင်းဆိုးဝါးနှိမ်နင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ဦးလေးကျိုနဲ့ လူငယ်သဘာဝ အပျော်မက်တဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ အားရှင်းနဲ့ အားယွဲ့တို့ဟာကျိုချွမ်မြို့လေးမှာနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ ကျိုချွမ်မြို့လေးရဲ့ နှစ်ပေါင်းအတော်ကြာအောင်ပိတ်ထားတဲ့ ကတ်သလစ်ဘုရားကျောင်းကြီးတစ်ခုကို ပြန်ဖွင့်ဖို့ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဝူရောက်လာပါတယ်။ ဦးလေးကျိုက ဘုရားကျောင်းကိုပြန်မဖွင့်ဖို့အတန်တန်တားပေမယ့် မြို့အုပ်ရဲ့ထောက်ခံချက်နဲ့ဘုရားကျောင်းကိုပြန်ဖွင့်ခွင့်ရသွားပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာပိတ်ထားတဲ့ဘုရားကျောင်းကြီးရဲ့ လျှို့ဝှက်ချက်တွေဟာ ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ ပေါ်လာပါတယ်။ အဲဒါကတော့ ဒီဘုရားကျောင်းကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀တုန်းကရက်စက်ဆာလောင်နေတဲ့ဗင်ပိုင်းယားသွေးစုပ်ဖုတ်ကောင်ကြီးပိတ်မိနေတာပါပဲ..... ဒီလိုနဲ့အလွဲအချော်တွေနဲ့တပည့်ဆိုးလေးတွေမွှေသမျှလိုက်ရှင်းရတဲ့ဆရာကြီးတစ်ယောက်ဖာသာကြီးနဲ့ပူးပေါင်းပြီး မိစ္ဆာနှိမ်နင်းဖို့ဖြစ်လာပါတော့တယ်