Gioia က အီတလီက မြို့လေးမှာနေတဲ့ လူလတ်ပိုင်းအရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ဆရာမတစ်ယောက်ဖြစ်ပါတယ်။သူက ထိန်းချုပ်တတ်တဲ့ မွန်းကြပ်စရာ အမေအိုနဲ့အတူ နေရပြီးတော့ အသက်ကြီးနေပေမဲ့ အချစ်စစ်ရော လွတ်လပ်မှုကိုပါ မကြုံဖူးသေးတဲ့ သူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ကျောင်းက အထက်တန်းကျောင်းသားဖြစ်တဲ့ ၁၈ နှစ်အရွယ် Alessio က Gioia ကို ပြင်သစ်စာသင်ပေးဖို့ အချိန်ပိုင်းငှားခဲ့ပါတယ်။ဒါပေမဲ့ Alessio က တကယ်တော့ သူ့အမေအတွက် ပိုက်ဆံရှာပေးဖို့ ညဘက်မှာ လိင်လုပ်သားအဖြစ်နဲ့ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ သူ Gioia ကို ချည်းကပ်ခဲ့တာလည်း Gioia ပိုက်ဆံကို ခြူစားဖို့အတွက်ပါပဲ။ဒါကို Gioia က Alessio အပေါ် တကယ့်စိတ်ရင်းနဲ့ ဂရုစိုက်ပြီး ချစ်လာချိန်မှာတော့ Gioia တစ်ယောက် သူ့ရဲ့ လူမှုနေမှုအဆင့်အတန်းတက်ဖို့ ၊ ချမ်းသာဖို့လောဘတွေနဲ့ Gioia ဆီက ရတဲ့တကယ့်နွေးထွေးမှုတွေကြား သူ့ရဲ့ခံစားချက်တွေ ဝေခွဲမရဖြစ်လာပြီး နောက်ဆုံးမှာ ဘယ်လမ်းကို ရွေးချယ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။