Backwoods Blood Feud FHD

Backwoods Blood Feud

Thriller FHD 2026-06-22 10 85 Min

Indie Horror လောကမှာ သွေးထွက်သံယိုအက်ရှင်ကားကောင်းတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ J. Horton ရိုက်ကူးပုံဖော်ထားပြီး၊ သဘာဝလွန်ပုံစံသားရဲဂိုဏ်းစတားကားမျိုးဖြစ်ပါတယ်ဇာတ်လမ်းကတော့ စနစ်တကျ ပြင်ဆင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ ဇောက်ထိုးမိုးမျှော် ကျရှုံးသွားခဲ့ရတဲ့ ဓားပြတိုက်မှုကြီးတစ်ခု အပြီးကနေ စတင်ထားပါတယ်။ ရဲတွေရဲ့ လက်ကနေ အသက်လုထွက်ပြေးလာကြတဲ့ ရာဇဝတ်အုပ်စုတစ်စုက... လူသူပြတ်လပ်ပြီး အေးခဲနေတဲ့ တောနက်ကြီး  ထဲမှာ သွားရောက်ပုန်းအောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာ တောထဲမှာ ရဲတွေရန်ကနေ လွတ်ပြီလို့ ထင်မှတ်ခဲ့ပေမဲ့... တကယ်တော့ ရဲတွေထက် အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ သေမင်းထောင်ချောက်ထဲ တည့်တည့်တိုးမိသွားတာဖြစ်ပါတယ်။ အဆိုပါ တောနက်ကြီးထဲမှာ လူမဟုတ်တဲ့ "မိစ္ဆာ သားရဲမျိုးနွယ်စုကြီး နှစ်စု" ဟာ တစ်ဖက်နဲ့တစ်ဖက်ဂိုဏ်းစစ်ပွဲတွေဖြစ်နေကြတာကို ဓားပြတွေ တွေ့ရှိသွားပါတော့တယ်။ဒီမိစ္ဆာစစ်ပွဲကြီးရဲ့ အလယ်ခေါင်မှာ ညှပ်ပူးညှပ်ပိတ်ဖြစ်ပြီး ပိတ်မိနေတဲ့ လူသားဓားပြအဖွဲ့ဟာ ဓားပြတိုက်တုန်းက ကိုင်လာတဲ့ လက်နက်တွေနဲ့ မိစ္ဆာတွေကို ပြန်လည်ခုခံဖို့ ကြိုးစားပေမဲ့...တဖြည်းဖြည်းနဲ့ သူတို့ကိုယ်တိုင်ပါ မိစ္ဆာတွေရဲ့  အမဲလိုက် သားကောင်အဖြစ်သွားပါတယ်။ ဓားပြအဖွဲ့ဟာ အချင်းချင်းကြားက အတ္တတွေကို ဘေးဖယ်ပြီး ဒီသေမင်းတောနက်ကြီးထဲကနေအသက်ရှင်အောင် ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာကို သွေးသံရဲရဲ ရိုက်ပြထားပါတယ်။