The Killer Goldfish FHD

The Killer Goldfish

Comedy Horror FHD 2025-05-02 6 94 Min

ဂျပန်နိုင်ငံရဲ့တောင်တန်းတစ်ခုတည်းမှာ နှစ်ပေါင်း ၅၀၀၀၀ သက်တမ်းရှိတဲ့ရှေးဟောင်းလူသားကျောက်ဖြစ်ရုပ်ကြွင်းကိုတူးဖော်တွေ့ရှိပြီးနောက်ပိုင်း၊ တစ်နိုင်ငံလုံးမှာ ရက်စက်ပြီးအကြောင်းပြချက်ရှာမတွေ့တဲ့ ထူးဆန်းတဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ပိုပြီးဆန်းကြယ်တာကတော့ လူသတ်မှုဖြစ်တဲ့နေရာတိုင်းမှာ ကွဲကြေနေတဲ့ငါးကန်နဲ့ရွှေငါးတစ်ကောင်ကို သဲလွန်စအဖြစ် အမြဲတွေ့ရခြင်းပါပဲ။အဲ့ဒီအမှုကိုစုံစမ်းဖို့အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ သဘာ၀လွန်မှုခင်းများထောက်လှမ်းရေးဌာနကစိတ်တန်ခိုးရှင် စုံထောက်မလေး တာမာကီရောက်ရှိလာပြီး ဝါရင့်စုံထောက်တစ်ဦး၊ တိုကျိုတက္ကသိုလ်ဆင်းတစ်ဦးတို့နဲ့ပူးပေါင်းပြီးစုံစမ်းရင်းကနေ ရှေးဟောင်းရုပ်ကြွင်းရဲ့မျိုးရိုးဗီဇကနေ အစပြုပြီး လက်ရှိ Homo sapiens လူသားမျိုးနွယ်တစ်ခုလုံးကို ကလဲ့စားချေဖို့အထိကြီးကျယ်တဲ့အစီအစဉ်ကြီးကိုခြေရာခံမိချိန်မှာတော့..ဇာတ်လမ်းနာမည်ကိုကြည့်ရင် လူသတ်ကောင်ရဲ့နာမည်က ရွှေငါး ဒါမှမဟုတ် လျှို့ဝှက်ကုတ်ဒ်တစ်ခုခုကိုဆိုလိုတာလားလို့တွေးမိကြမှာပါပဲ။ ဒါပေမယ့် တကယ့်ကို ရွှေငါးက လူသတ်တာပါရွှေငါးက ဘယ်လိုလူသတ်လဆိုတာကိုသိချင်ရင်တော့ ကြည့်လိုက်ကြပါ။ ဂျပန်တွေထုံးစံ စားတာတော့ အတော်စားပါတယ်။ ရယ်လည်းရယ်ရပါတယ်။ ဇာတ်လမ်းထဲကအနေအထားတွေကိုသူတို့တွေအတည်ပေါက်ကြီးနဲ့လုပ်နေ ခံစားနေတာကိုကရယ်နေရတာပါ။