Summerween FHD

Summerween

Horror FHD 2026-06-26 6.7 83 Min

နွေရာသီအလယ် ဇွန်လ ၂၂ မှာကျရောက်တဲ့ ဆမ္မားဝင်းပွဲတော်ကို အမိုက်စား အလန်းစား ဆင်နွှဲဖို့ မာကေးလားတို့ သူငယ်ချင်းတစ်စုဟာ အစီအစဉ်တစ်ခုဆွဲခဲ့ကြပါတယ်။သူ့သူငယ်ချင်းတွေကတော့ ကျောင်းတွေပြီးလို့ ကိုယ့်လမ်းကိုယ်မသွားခင် နောက်ဆုံးအတူရှိကြတဲ့ နွေရာသီမှာ မာကေးလားကို စိတ်ပျက်ငြီးငွေ့စရာဘ၀ကနေ ခဏတာလွတ်မြောက်ပြီးပျော်စရာအတွေ့အကြုံတစ်ခုပေးချင်လို့ပါပဲ။ဒါပေမယ့် သူတို့မူလစီစဉ်ထားတဲ့ ပြဇာတ်ရုံဟောင်းကြီးကို ဝင်ခွင့်မရတော့တဲ့အတွက် စိတ်ပျက်နေတဲ့အချိန်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်က စိတ္တဇလူသတ်သမားလူပြက်တစ်ယောက်နေထိုင်ခဲ့တဲ့အိမ်မှာပြောင်းလုပ်ဖို့ရွေးချယ်လိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အိမ်ရှင်စိတ္တဇလူသတ်သမားလူပြက်ဟာ စိတ်ကျန်းမာရေးဆေးရုံကနေပြန်လည်လွတ်မြောက်လာပြီးသူ့အိမ်အိုဟောင်းကြီးထဲမှာပါတီပွဲလာကဲ နေတဲ့ လူငယ်တစ်စုကို ရက်ရက်စက်စက်အမဲလိုက်သတ်ဖြတ်ပါတော့တယ်။"Summerween" ဟာနွေရာသီရဲ့ပေါ့ပါးတဲ့ ပါတီအငွေ့အသက်ကို ဟောလိုဝင်းရဲ့သွေးပျက်ခြောက်ခြားဖွယ်ရာတွေနဲ့ရောမွှေထားတဲ့ Campy Slasher ဇာတ်ကားမျိုးပါ။ အနုပညာရသအလေးအနက်ထက်သူငယ်ချင်းတွေစုပြီး သောက်စားပျော်ပါးရင်း အော်ဟစ်ပေါက်ကွဲရင်ဖို့ကြဖို့ကွက်တိကျမယ့် ပေါ့ပေါ့ပါးပါး Slasher fun vibeပေးနိုင်မယ့် ဇာတ်ကားမျိုးပါပဲ။