ပုံတူပန်းချီဆရာ ကာဂျာနဲ့ အကသမား ဒနုရှ်။အဲဒါ သူတို့ကိုယ်သူတို့ မိတ်ဆက်တဲ့အခါကျရင် ထည့်ထည့်ပြောတတ်တဲ့ ဂုဏ်ပုဒ်တွေဆိုပေမယ့်အလုပ်အကိုင်ရယ် တခုမရှိ ထိုင်ဘူနေကြတဲ့ကောင်တွေ။သူတို့နှစ်ယောက် စဆုံကြတာ နှစ်သစ်ကူးအကြိုည။သောက်ကြစားကြရင်း ရန်ပွဲဖြစ်ရာကနေ ထွက်ပြေးကြရာက နှစ်ယောက်သား စတွေ့ခဲ့ကြတာ။အေးဆေးအိပ်လို့ရမယ့်နေရာ ရှာရင်းက နှစ်ယောက်သား ဘုရားကျောင်းသုသာန်တစ်ခုထဲကိုရောက်သွားကြပါရော။ဘိုင်ပြတ်နေတဲ့ကောင်တွေဆိုတော့ ရောင်းစားမယ့်အကြံနဲ့ အုတ်ဂူတွေက ကြေးဝါနဲ့လုပ်ထားတဲ့လက်ဝါးကပ်တိုင် ငါးချောင်းကို ကောက်နှုတ်လာရာက သရဲငါးကောင်ပါ သူတို့နောက်လိုက်လာတဲ့အခါမှာတော့...။