ရဲဝန်ထမ်းဟောင်းဖြစ်တဲ့ ဂန်ထယ်ရှစ် (Sul Kyung Gu) ဟာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အမှုတွေကို လက်ပူးလက်ကြပ်ဖမ်းပေးတဲ့ အလုပ်ကို လုပ်ကိုင်နေသူပါ။တစ်နေ့မှာ ဇနီးဖြစ်သူကို သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားရဲ့ နောက်ထပ် လူသတ်မှုတစ်ခုမှာ တရာခံအဖြစ် အကွက်ဆင်ခံလိုက်ရပြီး ဂန်ထယ်ရှစ်ရဲ့ စွန့်စားခန်းတွေ စတင်လာပါတော့တယ်။နောက်ကွယ်က အကွက်ချ စီစဉ်ခံရပြီးနောက် ကြိုးကိုင်သူရဲ့ ခိုင်းစေမှုနဲ့ ဂန်ထယ်ရှစ်တစ်ယောက် နိုင်ငံရေးကိစ္စတွေနဲ့ပါ ပါဝင်ပတ်သက်သွားရင်း အပြစ်ကင်းကြောင်း ပြသဖို့ လွတ်လမ်းရှာဖွေပုံတွေနောက်ကွယ်က ကြိုးကိုင်နေသူကို ဖော်ထုတ်ပြီး အမှုဖြေရှင်းပုံတွေကို စိတ်ဝင်တစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပြီး အက်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်နော်။