Beneath the Light FHD

Beneath the Light

Horror Thriller FHD 2026-01-01 5.417 94 Min

ဂျေကော့ဘ်ဟာ မိခင်ဖြစ်သူဆုံးပါးမှုနောက်ပိုင်း စိတ်တွေလေပြီးတော့ အိုဟိုင်းယိုးပြည်နယ်ရဲ့လူသူဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်တစ်ခုမှာပြုပြင်ထိန်းသိမ်းရေးအလုပ်ဝင်ခဲ့ပါတယ်။အဲ့ဒီမီးပြတိုက်မှာ ဂျေကော့ဘ်ကသူ့ရဲ့ငယ်ဘ၀အမှတ်တရတွေရှိနေသလို မီးပြတိုက်ပိုင်ရှင်ရဲ့ဖြစ်သူ ကလဲရ်နဲ့လည်း ငယ်သူငယ်ချင်းတွေပါလို့သူ့စိတ်ထဲမှာ စွဲမြဲမှတ်ထင်နေပါတယ်။ ညဘက်တွေမှာ မီးပြတိုက်ပိုင်ရှင်က ပြန်သွားပြီး သူ့ကိုတစ်ယောက်တည်းထားခဲ့သလို နေ့ခင်းဘက်တွေရောက်လာရင်လည်း ဘယ်တော့မှ ကြာကြာမနေပါဘူး။ထူးခြားတာကလည်းအဲ့ဒီမီးပြတိုက်ကို စက်လှေနဲ့ပဲသွားလို့ရတာပါ။ မီးပြတိုက်ပိုင်ရှင် ဒီနေရာမှာကြာကြာမနေရတဲ့ အကြောင်း၊ အမြန်ရောင်းထုတ်ဖို့ကြိုးစားနေတဲ့အကြောင်းတွေကို မကြာခင်ပဲ ဂျေကော့ဘ် ရိပ်မိသိရှိလာပါတော့တယ်။ အဲ့ဒါကတော့ ညဘက်သူတစ်ယောက်တည်းရှိနေချိန်မှာ ထူးခြားတဲ့ အသံတွေ၊ အရိပ်အယောင်တွေကို မြင်ရကြားသိရပြီး အဲ့ဒါတွေဟာ သူ့စိတ်ထင်မဟုတ်မှန်းသေချာလောက်အောင်ကြမ်းတမ်းဆိုးဝါးလာတဲ့အခါမှာတော့..။Psychological Thriller ကားဆိုပေမယ့် သရဲကလည်း အမှန်အကန်ခြောက်ပါတယ်။ Jump scares တွေ၊ ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေကိုအဓိကမထားပဲပတ်ဝန်းကျင်ရဲ့အေးစိမ့်ခြောက်ခြားဖွယ်အငွေ့အသက်နဲ့အဓိက ဇာတ်ဆောင်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်အပြောင်းအလဲကို အခြေတည်ပြီးဇာတ်ရှိန်ကိုမြှင့်တင်သွားတဲ့ဇာတ်ကားမျိုးဖြစ်တဲ့အပြင် ဇာတ်သိမ်းပိုင်းလှည့်ကွက်ကလည်း ကောင်းတဲ့အတွက် Horror ပရိသတ်တွေအကြိုက်တွေ့မယ့် ကားမျိုးပါပဲ။