A Foggy Tale HD

A Foggy Tale

Drama HD 2025-11-27 7.54 134 Min

ဇာတ်လမ်းကတော့ Chiayi မှာနေတဲ့ လူငယ်မိန်းကလေး အားယွဲ့ရဲ့ အစ်ကိုဟာ နိုင်ငံရေးအမှုနဲ့ ကွပ်မျက်ခံလိုက်ရပြီးနောက် သူ့ရဲ့ အရိုးအကြွင်းအကျန်ကို ပြန်လည်သယ်ဆောင်ဖို့ ထိုင်ပေကို တစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ်ဒါပေမဲ့ ဒီခရီးဟာ အစ်ကိုရဲ့ အရိုးကို ရှာဖွေတဲ့ ခရီးတစ်ခုတည်း မဟုတ်ဘဲ သိုဝှက်ထားတဲ့ အနာတရတွေ စစ်အပြီး မပြီးဆုံးသေးတဲ့ ဝမ်းနည်းမှုတွေ မတူညီတဲ့ လူတွေအကြား နားလည်မှုနဲ့ မေတ္တာကို ရှာတွေ့သွားတဲ့ ခရီးလည်း ဖြစ်လာပါတယ်လမ်းခရီးတစ်လျှောက် သူမဟာ စစ်သားတစ်ယောက်၊ လန်ချားမောင်းသမားတစ်ယောက်နဲ့ ဆုံတွေ့ရင်း သူတို့တစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင်အတိတ်နဲ့ မပြောဖြစ်တဲ့ ဒဏ်ရာတွေရှိနေကြောင်း သိလာရတဲ့အခါ...ဘယ်သူက အဖြူ၊ ဘယ်သူက အမည်းဆိုပြီး မခွဲခြားဘဲ အာဏာ၊ စစ်နဲ့ နိုင်ငံရေးရဲ့ကြားမှာ သာမန်လူတွေ ဘယ်လောက်ထိ ကြေမွခဲ့ရသလဲဆိုတာ...အချိန်ကတော့ ရှေ့ကို ရွေ့သွားခဲ့ပေမဲ့ ဆုံးရှုံးမှုတချို့ကတော့ အချိန်ဘယ်လောက်ကြာကြာ မပျောက်ကွယ်သွားဘူးဆိုတာ…နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် အားယွဲ့ဟာ တစ်ချိန်က သူ့ကို ကူညီခဲ့တဲ့ လူတစ်ယောက်နဲ့ ပြန်ဆုံရပါတယ်… တစ်ယောက်က သေဒဏ်မကျဘဲ ထောင်နှစ်ရှည်ကျခဲ့သူ၊ တစ်ယောက်ကတော့ အစ်ကိုရဲ့ အရိုးကို အိမ်ပြန်ခေါ်နိုင်ခဲ့သူအချိန်တွေ ပြောင်းလဲသွားပေမဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေကတော့ မပြောင်းလဲခဲ့ဘဲရှိနေကြတဲ့အခါ…သရုပ်ဆောင်ပိုင်းမှာ Caitlin Fang က အားယွဲ့အဖြစ် နူးညံ့ပေမဲ့ မလျှော့တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးငယ်လေးနေရာကို သဘာဝကျကျ ပုံဖော်ထားပါတယ်…Will Or နဲ့ 9m88 တို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ဇာတ်လမ်းနဲ့ ကွက်တိကျကျ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားပါတယ်နောက်ထပ် သဘောကျစရာတစ်ခုကတော့ ဇာတ်လမ်းတစ်လျှောက် Taiwanese Hokkien ဘာသာနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ်Historical အမျိုးအစား Slow-burn ကိုမှ စိတ်ထဲမှာ အချိန်အကြာကြီး ကျန်နေမဲ့ ရုပ်ရှင်မျိုးကို နှစ်သက်တယ်ဆိုရင် A Foggy Tale ကို လုံးဝ လက်မလွတ်သင့်ပါဘူး