အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ယူဆွဖ်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသူ ဖြစ်ပါတယ်။ထောင်ထဲမှာရှိနေတဲ့အချိန် အစာငတ်ခံဆန္ဒပြမှုကြောင့် သူက အဆုတ်ရောဂါပြင်းထန်စွာ ခံစားခဲ့ရပြီး ကျန်းမာရေးအခြေအနေ ပိုဆိုးလာတာကြောင့် သေခါနီးအချိန်မှ ထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ရတာပါထောင်ကလွတ်လာပြီးနောက်မှာ ပင်လယ်နက်ဒေသမှာရှိတဲ့ သူ့ရဲ့ မွေးရပ်မြေဆီ ပြန်လာခဲ့ချိန် သူ့အဖေက သေသွားခဲ့တဲ့အပြင် သူ့အစ်မကလည်း တခြားမြို့ကို ပြောင်းသွားခဲ့ပြီးကျန်းမာရေးမကောင်းတဲ့ သူ့ရဲ့ အမေတစ်ယောက်တည်းသာ ကျန်နေခဲ့ပါတယ်။အဲဒီကျေးရွာလေးရဲ့ ဆောင်းဦးရာသီ အငွေ့အသက်တွေ အထီးကျန်ဆန်မှုတွေကြားထဲမှာ သူဖြတ်သန်းခဲ့ရတဲ့ နာကျင်စရာအတိတ်တွေ ဆုံးရှုးသွားတဲ့ လူငယ်ဘဝတွေနဲ့လက်ကျန်အချိန်တိုလေးကို ရင်ဆိုင်ဖို့ ကြိုးစားရပါတော့တယ်။အဲဒီနောက်မှာတော့ သူက ညကလပ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အက်ကာ နဲ့ ဆုံတွေ့ခဲ့ပါတယ် သူတို့နှစ်ယောက်စလုံးဟာ ဘဝရဲ့ ခါးသီးမှုတွေ အထီးကျန်မှုတွေနဲ့ နာကျင်မှုတွေကိုယ်စီရှိကြသူတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် စာနာနားလည်မှုတွေ ပေးနိုင်ခဲ့ပြီး ယူဆွဖ်ရဲ့ နောက်ဆုံးအချိန်တွေအတွက် နွေးထွေးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ယူဆွဖ်က ကျန်ရှိနေတဲ့ သူ့ဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ သူရှာဖွေတွေ့ရှိခဲ့တဲ့အချစ်နဲ့အတူ ဖြတ်သန်းသွားနိုင်ပါ့မလား...သာယာလှပတဲ့ သဘာဝရှုခင်းတွေနဲ့ ရင်ထဲမှာ ဆောင်းဦးရာသီလို အေးစက်စက် လွမ်းမောစေတဲ့ရသကို ပေးနိုင်မယ့် ကားကောင်းတစ်ကားမို့ ရုပ်ရှင်ချစ်သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်။