The Guardian HD

The Guardian

Action Crime HD 2026-06-17 1 90 Min

ဖိလစ်ပိုင်နိုင်ငံမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဂင်မီဂျင်း (Park Eun-Hye) ဟာဆိုရင် ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ထောင်ချောက်ဆင်မှုကြောင့် လောင်းကစားရဲ့ ကျေးကျွန်ဘဝကို ရောက်ပြီး အကြွေးပုံထဲ နစ်မွန်းသွားခဲ့ရပါတယ်။ တစ်ဖက်မှာ နိုင်ငံ့ကိုယ်စားပြု တိုက်ကွမ်ဒိုကစားသမားဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ သားဖြစ်သူ ဒိုဂျွန်း (Nam Woo-Hyun) ကလည်း လောင်းကစားစွဲနေတဲ့ အမေဖြစ်သူအပေါ် မုန်းတီးနာကျည်းစိတ်တွေပဲ ပိုပိုပြီး ကြီးထွားလို့လာနေတာပေါ့။ အဲဒီအချိန်မှာပဲ သွေးအေးရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ချာဒုံချော (Han Jae-Suk) ဆိုသူက အကြွေးကို အကြောင်းပြပြီး မီဂျင်းကို ပြန်ပေးဆွဲသွားပါတော့တယ်။ ဒိုဂျွန်းတစ်ယောက်သတ်မှတ်ချိန် ၄၈ နာရီအတွင်း အမေ့ကို ကယ်တင်ဖို့အတွက် သက်စွန့်တိုက်ပွဲဝင်ရတဲ့အခါမှာတော့...တကယ်ပဲ ဒိုဂျွန်းက အမေဖြစ်သူကို ဘေးမသီရန်မခဘဲ ပြန်လည် ကယ်တင်လာနိုင်ပါ့မလား...ပဋိပက္ခတွေကြားက သားအမိနှစ်ဦးရဲ့ ဆက်ဆံရေးကရော ပြေလည်သွားနိုင်ပါ့မလားဆိုတာကို အမိုက်စား အက်ရှင်ခန်းတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။