Devil's Market FHD

Devil's Market

Horror FHD 2024-02-29 7.833 96 Min

ဇာတ်လမ်းကတော့ အွန်လိုင်းပေါ်မှာ Content ဆန်းဆန်းတွေ တင်ဆက်ပြီး နာမည်ကြီးချင်နေတဲ့  Vlogger လူငယ်အုပ်စုတစ်စုအကြောင်းကနေ စတင်ထားပါတယ်။ သူတို့ဟာ Content အလန်းစားရဖို့နဲ့ Viewers အများကြီးရဖို့အတွက်... လူသူအရောက်အပေါက်နည်းပြီး ဒဏ္ဍာရီတွေ ရှိနေတဲ့ အဆိုပါ တားမြစ်တောင်ပေါ်တောနက်ကြီးဆီကို သွားရောက်ပြီး လျှို့ဝှက်ချက်တွေကိုစိန်ခေါ်စူးစမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့တစ်တွေ အဲဒီတောနက်ထဲ ရောက်ရှိသွားတဲ့အခါမှာတော့... အစပိုင်းမှာ သာမန်တောတောင်တစ်ခုလို ထင်ရပေမဲ့ ညဘက်ရောက်လာတာနဲ့အမျှ ပတ်ဝန်းကျင်တစ်ခုလုံး မြူနှင်းတွေဖုံးလွှမ်းသွားပြီး၊ ကြောက်စရာကောင်းလှတဲ့ သရဲဈေးကြီးရဲ့ အတွင်းပိုင်းထဲကို ဝင်ရောက်မိသွားပါတော့တယ်။ အာရုံခြောက်ခြားစရာ အသံတွေ၊ လူသားမဟုတ်တဲ့ မိစ္ဆာတွေရဲ့ဝိုင်းရံပိတ်ဆို့မှုတွေကြားထဲမှာ... သူတို့အုပ်စု သွေးပျက်စရာတွေနဲ့ ရင်ဆိုင်ရပြီး၊ ဘယ်သူတွေကရော ဒီမိစ္ဆာဈေးကြီးထဲကနေ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာနိုင်မလဲဆိုတာကိုကြည့်ရမယ့် အင်ဒိုနီးရှား horror ကားကောင်းတစ်ကားပါ