ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လုမိသားစုစံအိမ်ကြီးဟာ သရဲခြောက်တဲ့အိမ်အဖြစ် လူသိများနေပါတယ်စံအိမ်ရဲ့ပိုင်ရှင် လုယောင်က မိသားစုယာဉ်မတော်တဆမှုအပြီး အိမ်ထဲမှာပဲ အထီးကျန်နေထိုင်လာခဲ့ပြီး သူ့ကို ကာကွယ်ပေးနေတဲ့ ဝိညာဉ်တွေရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်းပျံ့နှံ့နေပါတယ်တစ်ဖက်မှာတော့ အချစ်ကိုအသုံးချပြီး လိမ်လည်ငွေရှာတဲ့ အားဝေဟာ အကြွေးတွေနဲ့ ဖိအားပေးခံနေရချိန်မှာ လုမိသားစုအိမ်နဲ့ ဆက်နွယ်လာပါတယ်အဲဒီနောက် စံအိမ်အတွင်းမှာ မရှင်းလင်းတဲ့ သရဲဖြစ်ရပ်တွေ သံသယဖြစ်စရာ သေဆုံးမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ မိသားစုလျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာတဲ့အခါမှာတော့သရဲခြောက်တာက တကယ်ပဲလား ဒါမှမဟုတ် လူတွေရဲ့ လောဘ လိမ်ညာမှုနဲ့ အာဏာလိုချင်စိတ်တွေကပဲ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာလားဆိုတာကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အဆုံးသတ်မှာတော့ ထင်မှတ်မထားတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေဟာ ဘယ်လိုဖော်ထုတ်ပြီး ပေါ်ထွက်လာမလဲဆိုတာ horror-mystery ဇာတ်အိမ်ကိုနှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကြည့်ရှုရတန်စေမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်