Dooradarshini FHD

Dooradarshini

Drama FHD 2026-05-15 7.6 125 Min

လူမှုပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းကိုခံထားရတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာသူ လူငယ်လေး ဟာရီ ဟာ သူတို့ရွာမှာ ဩဇာအာဏာရှိပြီး အထက်တန်းကျတဲ့ မိသားစုက ပေါက်ဖွားလာသူမိန်းကလေးဗာနီ ကို တိတ်တဆိတ် ရင်ထဲမှာ သိမ်းဆည်းကာ ချစ်နေခဲ့မိပါတယ်။အဲဒီခေတ်ကာလက ရွာထဲမှာ တီဗီရှိတာဆိုလို့ ပေကာဘာဘူ အိမ်တစ်အိမ်ပဲ ရှိတာမို့ ညစဉ်ညတိုင်းသူတို့နှစ်ဦးဟာ ပေကာဘာဘူရဲ့အိမ်မှာ တီဗီလာကြည့်ရင်းနဲ့ သံယောဇဉ်တွေတွယ်ကာ အချစ်တွေက တဖြည်းဖြည်း တိုးပွားလာခဲ့ပါတယ်။ဒါပေမဲ့လည်း ဗာနီအပေါ် စိတ်ကူးရှိနေတဲ့ ပေကာဘာဘူ ကဒီချစ်သူနှစ်ဦးကို ခွဲပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဗာနီရဲ့ အစ်ကိုဖြစ်သူ ပါရူရှာရမ် ကို မြှောက်ထိုးပင့်ကော်လုပ်ကာ ဓားစာခံအဖြစ်အသုံးချခဲ့ပါတယ်။ သူဟာ ချစ်သူနှစ်ဦး ကွဲကွာသွားစေဖို့ ရွာထဲမှာ ကောလာဟလတွေ ဖြန့်ဝေပြီး ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုပြဿနာတွေကို မီးထိုးပေးခဲ့ပါတယ်။ ညီမနဲ့ ဟာရီတို့ချစ်ကြိုက်နေတဲ့အကြောင်း ပါရူရှာရမ် သိရှိသွားတဲ့အခါမှာတော့ ဒေါသတွေ အကြီးအကျယ် ပေါက်ကွဲပါတော့တယ်။ဒီလိုနဲ့ ဟာရီနဲ့ ဗာနီတို့ရဲ့အချစ်ခရီးလမ်းကဘယ်လိုကြမ်းတမ်းမှုတွေနဲ့ကြုံရမလဲ သူတို့ရဲ့ အချစ်အတွက် အခက်အခဲအဝာားအဆီးတွေကို ဘယ်လိုမျိုး ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကိုခံစားမှုရသမျိုးစုံနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။