Top Dog HD

Top Dog

Action Comedy Family Thriller Adventure HD 1995-04-28 4.274 86 Min

ဒီတခါတော့ လူချက်နိုးရားနဲ့ ခွေးချက်နိုးရားနဲ့ တွေ့ပါပြီ။ ကွီးချက်က လူအနေနဲ့ ကြမ်းတယ်ဆိုရင် ဒီခွေးကလည်း ခွေးကြမ်းပါပဲ။ သေနတ်နဲ့ပစ်လည်း ရှောင်တယ် ခွေးတွေလုပ်လို့ရတာကိုအကုန်လုပ်နိုင်တဲ့ စူပါရဲခွေးပါ။ လူကယ် ၊ ဆေးဖမ်း ၊ လူကိုက် အကုန်လုပ်ပါတယ်။ဇာတ်လမ်းကတော့ ခွေးလေးနဲ့ အတူတူအလုပ်လုပ်တဲ့ ရဲတယောက်က လူဖြူအစွန်းရောက်အဖွဲ့တခုရဲ့ သတ်ဖြတ်မှု့ကြောင့် သေဆုံးသွားပြီး ခွေးလေးပဲအသက်ရှင်ကျန်ရစ်ပါတယ်။ အဲ့မှာကွီးချက်နဲ့ ဒီခွေးလေးကိုတွဲပေးလိုက်တဲ့အခါမှာတော့ သောက်ကြမ်းလူနဲ့ သောက်ကြမ်းခွေးနှစ်ကောင်ပေါင်းပြီးတော့ ဒီလူဆိုးအုပ်စုကို တီးထုတ်ပေးပါတော့တယ်။ ကွီးချက်ကလည်း နဂိုကြမ်းကို ဒီခွေးနဲ့ပေါင်းပေးလိုက်တော့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီးတော့ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်ပြီးဘယ်လိုတွေရှုပ်ကုန်မလဲကို ဆက်လက်ကြည့်ရှု့လိုက်ပါ။