အသက် 31 နှစ်အရွယ် ဂင်ဂျီဆူးဟာ ကမ္ဘာကျော်စန္ဒယားပညာရှင် Vladimir Horowitz ကိုလေးစားအားကျကာ နာမည်ကြီး စန္ဒယားပညာရှင်ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့လည်း မိသားစုအခြေအနေတွေနဲ့ ကံကြမ္မာကြောင့် သူ့ရဲ့ အိပ်မက်တွေပျက်စီးသွားခဲ့ပြီး နောက်ဆုံးမှာတော့ မြို့လေးတစ်မြို့မှာ ကလေးတွေကို စန္ဒယားတီး သင်ပေးတဲ့ ဆရာမလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ရဲ့ သင်တန်းကျောင်းနားမှာ လျှောက်သွားနေတတ်ပြီး ပြဿနာအမြဲရှာတတ်တဲ့ မိဘမဲ့ကောင်လေး ဂယောင်းမင်းနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီကလေးလေးဟာ မထင်မှတ်ထားဘဲ စန္ဒယားတီးခတ်ရမှာ ပါရမီအလွန်ပါတဲ့ ဂီတပါရမီရှင်လေးတစ်ယောက်ဖြစ်နေတာကို ဂျီဆူးတစ်ယောက် သိသွားပါတော့တယ်။ဂယောင်းမင်းအပေါ် စေတနာသက်သက်အပြင် သူ့ရဲ့ အတိတ်က မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေ ကျော်ကြားလိုမှုတွေကို ဂယောင်းမင်းကို မြေတောင်မြှောက်ပေးရင်း တစ်ဆင့်ခံ အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ဒါပေမဲ့လည်း ထင်ထားသလိုမဖြစ်ဘဲ အဆင်မပြေမှုတွေ ကြုံတွေ့လာရဲ့အခါမှာတော့….ဂျီဆူးရဲ့ အတ္တနဲ့ စစ်မှန်တဲ့ မေတ္တာတရား၊ ဆရာတပည့်ကြားက သံယောဇဉ်တွေကို သေချာရိုက်ပြပေးထားသလို IMDb Rating အနေနဲ့လည်း 6.7 ထိ ရရှိထားလို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။