Diggers HD

Diggers

Comedy Drama HD 2007-04-27 6.01 96 Min

Hunt (Paul Rudd), Lozo (Ken Marino), Cons (Josh Hamilton) နဲ့ Jack (Ron Eldard) တို့ သူငယ်ချင်းလေးယောက်ဟာ သူတို့ရဲ့ ဖခင်နဲ့ အဘိုးတွေလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ ခရု၊ ကမာ တူးဖော်တဲ့အလုပ် နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေပါ။ဒါပေမယ့် ကော်ပိုရေးရှင်းကြီးတွေက ရေလုပ်ငန်းကို ဝင်ရောက်လာပြီး ရေပိုင်နက်တွေကို သိမ်းပိုက်လာတဲ့အခါ သူတို့ရဲ့ ရိုးရာလုပ်ငန်းလေးနဲ့ ဘဝရပ်တည်မှုဟာ အကြီးအကျယ် ခြိမ်းခြောက်ခံလာရပါတယ်။ဒီလို လုပ်ငန်းခွင် အပြောင်းအလဲတွေကြားထဲမှာ Hunt တစ်ယောက် ဖခင်ကွယ်လွန်သွားတဲ့ ဝမ်းနည်းမှု၊ နွေရာသီ အလည်လာတဲ့မိန်းကလေးတစ်ယောက်နဲ့ အချစ်ရေးအသစ် စတင်မှုနဲ့ သူတို့သူငယ်ချင်းတစ်စုရှေ့ဆက်ရမယ့် ဘဝအလှည့်အပြောင်းတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။