ဒီဇာတ်လမ်းကတာ့ မောင့်ဇိုင်ရွန်ဆိုတဲ့ ဘုရားကျောင်းက လူ့အသိုင်းအဝိုင်းတစ်ခုကြားမှာ ဖြစ်ပျက်ကြတဲ့ ယုံကြည်မှုတွေ၊ ရည်မှန်းချက်ကြောင့် ဖြစ်လာတဲ့ လောဘ တွေနဲ့သစ္စာဖောက်တာတွေအကြောင်းပဲ ဖြစ်ပါတယ်။မောင့်ဇိုင်ရွန်ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ Franklin ရုတ်တရက်ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ လစ်ဟာသွားတဲ့ သင်းအုပ်ဆရာ အကြီးအကဲနေရာအတွက် ဘုရားကျောင်းကခေါင်းဆောင်အကြီးအကဲအဖွဲ့က ဆုံးသွားတဲ့ သင်းအုပ်ဆရာရဲ့သား Anthony ကို ရာထူးဆက်ခံဖို့ ခန့်အပ်လိုက်ကြပါတယ်။ဒါပေမဲ့ လှည့်စားတတ်ပြီး အာဏာမက်မောတဲ့ အဖွဲ့ဝင် Deacon Mathis က မောင့်ဇိုင်ရွန်ဘုရားကျောင်းကို သူကိုယ်တိုင်ပဲ လက်ဝါးကြီးအုပ်ချင်တဲ့ လောဘနဲ့ Anthony ရဲ့ လမ်းကို ဒုက္ခပေးဖို့မကောင်းကြံတဲ့အခါ အစပိုင်းမှာတော့ သိက္ခာလိုက်ချရုံလိုထင်ရပေမဲ့ မနာလိုစိတ်နဲ့ လောဘက သူတစ်ပါးအပေါ် ဘယ်လိုအဆုံးစွန် အန္တရာယ်တွေအထိ ပေးဖို့ကြံစည်စေလဲ ?အဆုံးသတ်မှာ ဘုရားသခင်က အမြဲတမ်း ယုံကြည်သူတွေအပေါ် တရားမျှတမှုကို ပေးနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဘာသာရေးဆိုင်ရာ မျှော်လင့်ချက်နဲ့ယုံကြည်မှုအကြောင်း ဇာတ်လမ်းပဲ ဖြစ်ပါတယ်။