Ela Veezha Poonchira HD

Ela Veezha Poonchira

Crime Thriller Mystery HD 2022-07-15 7.132 104 Min

အီလာဗီဇာပွန်ချီရာ ဆိုသည်မှာ အဓိပ္ပာယ်အားဖြင့် သစ်ရွက်များ မကြွေကျသည့် မြက်ခင်းပြင် ဟု ရည်ညွှန်းပြီး ကေရာလာပြည်နယ်ရဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်မှာတည်ရှိတဲ့ လေပြင်းထန်လှသော တောင်ကုန်းဒေသတစ်ခု ဖြစ်ပါတယ်။ အဲဒီတောင်ထိပ်ပေါ်ရှိ ရဲကြေးနန်းဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့  မာဒူနဲ့ ဆူဒီ ဆိုတဲ့ရဲဝန်ထမ်းနှစ်ဦးရှိပါတယ်။ရွာနဲ့ အလှမ်းဝေးပြီး လျှပ်စီးအန္တရာယ် အလွန်များလွန်းတဲ့ အဲဒီတောင်ပေါ်မှာ သူတို့နှစ်ဦး ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေတုန်း မြို့ပေါ်မှာ မိန်းကလေးတစ်ဦး အသ_တ်ခံရပြီးခန္ဓာကိုယ်အစိတ်အပိုင်းများကို နေရာအနှံ့ လိုက်လံစွန့်ပစ်ထားတဲ့ လူသ_တ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလူသ_တ်မှုရဲ့ ကွင်းဆက်တွေနဲ့သံသယဖြစ်ဖွယ် အချက်ပြမှုများက သူတို့ရှိရာတောင်ကုန်းဆီသို့ ဦးတည်လာတဲ့အခါမှာတော့...။