Blast HD

Blast

Action Drama Family HD 2026-05-28 7 143 Min

ခုရက်ပိုင်း ကြည့်စရာမရှိဖြစ်‌နေသူ‌တွေအတွက် ရှယ်လန်း ရှယ်ကြမ်းတဲ့ ရုံတင်ကားကြီးတင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေအနေနဲ့ ၂၅ ကုဋေ ပြန်လည်ရရှိထားပြီး နာမည်ကြီး castတွေတစ်ပြုံကြီးပါဝင်တာမို့ အချိန်ကုန်မှန်းမသိခင် ဇာတ်လမ်းက ပြီးသွားလောက်မှာပါပဲရှင်....ကရာတေးသင်တန်းဖွင့်ထားတဲ့ ရာဂျာရမ်မှာ နီလာဆိုတဲ့ သမီးငယ်လေးရှိပါတယ် မိန်းကလေးဆိုတော့ လူကောင်ခပ်သေးသေးမို့ အပေါင်းအဖော်တွေ အနိုင်ကျင့်ဒဏ်ခံရလေတော့ဖခင်ကိုယ်တိုင်ဦးစီးပြီး သမီးဖြစ်သူကို လေ့ကျင့်ပေးခဲ့တာပေါ့ နီလာ့အဖေကလည်း ခေသူမဟုတ် ပြိုင်ပွဲ ၃၄ ပွဲပြိုင်ဖူးပြီး ရှုံးပွဲ ၁ပွဲသာရှိခဲ့တဲ့ ဆရာကြီး။ သူရှုံးတာကလည်း တခြားသူမဟုတ်နီလာ့အမေ ၊သူ့မိန်းမ နီလာ‌ဗေနီပါပဲ။ ကဲ ဒီလိုမိဘ၂ပါးကနေ ဖွားမြင်လာတဲ့ နီလာတစ်ယောက် အနာဂတ်မှာ ဘယ်လောက်ကြမ်းမယ်ဆိုတာ မြင်ယောင်ကြည့်လို့ရနိုင်ပါတယ်အဖေ့ရဲ့သင်ကြားမှုနဲ့အတူ မတရားမှုတွေကို ပါဝင်ကူညီတတ်တဲ့သူမ။ အရွယ်ရောက်လာတဲ့အခါ သူမရင်ဆိုင်ရမယ့် မတရားမှုက ဘယ်လောက်ကြီးနေမလဲဆိုတာကိုတော့....။