"မင်းမသိလိုက်တဲ့ အချိန်မှာပဲ... ဘာမှန်းမသိတဲ့ 'အခမ်းအနား' တစ်ခု စတင်နေပြီဆိုရင်..."Plot Twist တွေနဲ့ အစအဆုံး မျက်တောင်မခတ်တမ်း အာရုံစူးစိုက်ကြည့်ရမယ့် J-Horror/Thriller ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးက ပုံမှန်ဇာတ်ကားရှည်ကြီးတွေလို အချိန်အကြာကြီးဆွဲမနေဘဲ အချိန်ခပ်တိုတိုနဲ့ ပရိသတ်ကို ဆွဲဆောင်သွားမဲ့ ဂျပန်သည်းထိတ်ရင်ဖိုဇာတ်ကားလေးပါ။မင်္ဂလာမှတ်တမ်းရိုက်ကူးတဲ့လူ ၂ ယောက် မင်္ဂလာပွဲတစ်ခုကိုရောက်နေရာကနေ ဒီဇာတ်လမ်းလေးကို စတင်ထားပါတယ်။အဲဒီထူးဆန်းတဲ့ မင်္ဂလာအခမ်းအနားကို ဘယ်လိုရောက်လို့ရောက်မှန်းမသိဖြစ်နေပေမဲ့ ပိုက်ဆံရရင်ပြီးရောဆိုပြီး မင်္ဂလာမှတ်တမ်းရိုက်ကူးနေတဲ့သူတို့ နှစ်ယောက် တဖြည်းဖြည်းနဲ့ထူးဆန်းနေတာတွေ ခံစားမိလာတဲ့အခါ…ရိုးရိုးသရဲကားတွေ ကြည့်ရတာ ရိုးအီနေပြီး Mind-bending ဖြစ်မယ့်၊ ဦးနှောက်စားမယ့် Mystery Thriller ကား အတိုလေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီ "OO Ceremony" ကို အခုပဲရှာကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ အဆုံးသတ်ရောက်ရင် ပါးစပ်အဟောင်းသား ဖြစ်သွားစေရမယ်ဆိုတာ အာမခံပါတယ်။