The Truck FHD

The Truck

Crime Thriller FHD 2008-09-25 6.6 96 Min

အခုလက်ရှိ အရမ်းနာမည်ကြီးနေတဲ့ The King's Warden နဲ့ Exhuma တို့လို ကားတွေမှာ သရုပ်ဆောင်ကောင်းလွန်းလို့ လူချစ်လူခင်များတဲ့ မင်းသားကြီး Yoo Hae-jin နဲ့ Descendants of the Sun ထဲက ဗိုလ်ကြီးအဖြစ် အားလုံးသိကြတဲ့ မင်းသား Jin Goo တို့ နှစ်ယောက် မီးပွင့်မတတ် အားပြိုင်ထားတဲ့ Crime-Thriller ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ရိုးသားတဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ ချောမင်း(Yoo Hae-jin)ဟာ သမီးဖြစ်သူရဲ့ နှလုံးခွဲစိတ်ခအတွက် ..လူမိုက်ဂိုဏ်းခေါင်းဆောင် သ*တ်ထားတဲ့ "လူသေအလောင်းတွေကို ၂၄ နာရီအတွင်း ကားနဲ့တင်ပြီး သွားဖျောက်ပေးရမယ့်" အပေးအယူတစ်ခုကို မလွဲသာဘဲ လက်ခံလိုက်ရရာကနေဇာတ်လမ်းကို စထားပါတယ်။မိုးသည်းထန်စွာရွာနေတဲ့ ညဉ့်နက်သန်းခေါင်၊ ကားနောက်ခန်းမှာ လူသေအလောင်းတွေအပြည့်နဲ့ ရဲကင်းတွေကို ရင်တထိတ်ထိတ် ဖြတ်ကျော်နေရတဲ့အချိန်... လမ်းခုလတ်မှာ အကျဥ်းထောင်ပို့ဆောင်ရေးယာဥ်ပေါ်ကနေ ထွက်ပြေးလာတဲ့ ရက်စက်လွန်းတဲ့ ကွင်းစက်လူသတ်သမား တစ်ယောက်(Jin Goo)ကို မသိဘဲကားပေါ်တင်ခေါ်မိသွားတဲ့အခါမှာတော့...ကားနောက်ခန်းမှာက အလောင်းတွေ...ဘေးက ခရီးသည်က လူသတ်သမား...​မောင်းနေတဲ့သူက သမီးအတွက် အသက်လုနေရတဲ့ ဖခင်...​ဒီလို သေတွင်းထဲက အခြေအနေမျိုးမှာ ထရပ်ကားမောင်းသမားတစ်ယောက် လူသတ်သမားနဲ့ ဘယ်လိုအသက်လုပြီး ရင်ဆိုင်မလဲ။ သမီးလေးဆီကိုရော ပိုက်ဆံတွေနဲ့အတူ အသက်ရှင်လျက် ပြန်ရောက်နိုင်ပါ့မလားဆိုတာကို အခုပဲ သည်းထိတ်ရင်ဖို အတူတူ ကြည့်ရှုလိုက်ကြရအောင်နော်။