Golpes HD

Golpes

Action Crime Drama HD 2025-10-22 5.8 0 Min

မီဂယ်လီက ဥပဒေပြင်ပက နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး သူ့အစ်ကိုအရင်းဖြစ်တဲ့ ဆာဘီနိုကတော့တရားဥပဒေစိုးမိုးရေးဘက်က ရဲအရာရှိတစ်ဦးပါ။ မီဂယ်လီဟာသူများပိုင်မြေကွက်တစ်ခုထဲမှာမြေမြုပ်သဂြိုလ်ခံထားရတဲ့ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းကိုပြန်တူးဖော်ပြီး စနစ်တကျပြန်သဂြိုလ်ချင်နေပါတယ်။ ဒါပေမယ့် သူတို့အပေါ်အမြင်မကြည်တဲ့ခြံရှင်က သန်းနဲ့ချီငွေတောင်းတဲ့အတွက် လိုအပ်တဲ့ငွေပမာဏကိုရဖို့ ဓားပြမှုတွေဆက်တိုက်ကျူးလွန်လာတဲ့အခါ ဥပဒေစိုးမိုးရေးအရာရှိဖြစ်တဲ့သူ့အစ်ကိုနဲ့ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်။နာမည်ကျော်ထိပ်သီးမင်းသားကြီးနှစ်ဦးဖြစ်တဲ့ Luis Tosar နဲ့ Jesús Carroza တို့က အစွန်းတစ်ဖက်ဆီက ညီအစ်ကိုနှစ်ဦးအဖြစ် အားပြိုင်ထားပြီး  စပိန်နိုင်ငံရဲ့နာမည်ကျော်ဆုပေးပွဲတစ်ခုဖြစ်တဲ့ အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မင်းသားဆု အပါအဝင် အဓိက ဆုကြီးတွေ ၁၄ ခုဆန်ကာတင်ဝင်ခဲ့ပြီး ဆုခြောက်ခုဆွတ်ခူးခဲ့တဲ့ Thriller/Dramaကားကောင်းတစ်ကားဖြစ်ပါတယ်။